ကလေးမြို့က စစ်ကောင်စီလက်နက်ကြီးထိမှန်ဒဏ်ရာရသူနှစ်ဦးကို ကျပ်တစ်သိန်းစီထောက်ပံ့

Author မင်းထက်
Categories
Published on Jun 07, 2024

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း တင်သားရွာမှ စစ်ကောင်စီပစ်တဲ့လက်နက်ကြီးထိမှန်ဒဏ်ရာရသူ နှစ်ဦးကို အဲဒီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ လူသားစာနာတာဝန်ခံက ဒီနေ့ ဇွန်လ ၇ ရက်မှာ ငွေကျပ်တစ်သိန်းစီ ထောက်ပံ့လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်နေ့ ည ၁၁ နာရီခန့်က တင်သားရွာနဲ့ သုံးမိုင်အကွာ ကြံသာရွာမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းတပ်စခန်းက အကြောင်းမဲ့ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့လို့ အဲဒီရွာက အမျိုးသားနဲ့ အမျိုးသမီးတို့ ထိခိုက်ခဲ့ရတယ်လို့ ကလေးမြို့နယ် ပအဖ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

ဓာတ်ပုံ- ကလေးမြို့နယ် ပအဖ