တစ်လကျော်အတွင်း ၁၈ နှစ်အောက် ကလေးငယ် ၂၄ ဦးကို စစ်ကောင်စီ ဖမ်းဆီးသတ်ဖြတ်ခဲ့လို့ AAPP ဆို

Author လဂွန်းအိမ်
Categories
Published on Jun 07, 2024

နိုင်ငံတဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ လက်အောက်ခံတွေဟာ ဒီနှစ် မေ ၁ ရက်ကနေ ဇွန် ၆ ရက်အထိ ၃၇ ရက်အတွင်း ၅ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ၁၈ နှစ်အောက်ကလေးငယ် ၂၄ ဦးအထိ ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့ ကောက်ယူရရှိထားတဲ့ စာရင်းတွေအရ သိရပါတယ်။

မိန်းကလေး ငါးဦး၊ ယောကျ်ားလေး ၁၉ ဦးသေဆုံးခဲ့ရတယ်လို့ AAPP က အတည်ပြုနိုင်ခဲ့ပြီး အဲဒီထဲ ရခိုင်ပြည်နဲ့ တနင်္သာရီတိုင်းတို့မှာ ကလေး ငါးဦးစီနဲ့ အများဆုံးသတ်ဖြတ်ခံခဲ့ရတာပါ။ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၉ ဦးအထိသေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

ဇွန်လ ၁ ရက်နေ့ နံနက်ပိုင်းမှာ စစ်ကောင်စီရဲ့ Y-12 လေယာဉ်ပေါ်က ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်ကျေးရွာရှိ ချောင်းဝရပ်ကွက်နဲ့ အနောက်စုရပ်ကွက်ထဲကို ဗုံးခြောက်လုံး ကြဲချခဲ့ရာမှာ ပျားလည်ချောင်းကျေးရွာကနေ စစ်ဘေးရှောင်လာသူ မခိုင်မိုးအေးနဲ့ ယိုးတရုပ်ကျေးရွာက အသက် ၁၀ နှစ်အရွယ် မောင်ကျော်လွင်(ခ)ဒေါင်းဒေါင်းတို့ ဗုံးစထိမှန် သေဆုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ အရပ်သားပစ်မှတ်တွေကို ပစ်မှတ်ထားတိုက်ခိုက်လေ့ရှိပြီး အခုရက်ပိုင်းအတွင်း ရခိုင်ပြည် စစ်တွေမြို့နယ်မြောက်ဘက် ဗျိုင်းဖြူကျေးရွာမှာ အစုအလိုက်အပြုံလိုက် သတ်ဖြတ်မှုအဖြစ် ရုပ်အလောင်း ၇၆ လောင်းအထိ ရှိတယ်လို့ အာရက္ခတပ်တော် AA က ဇွန်လ ၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက မေလ ၂၉ ရက်နေ့တုန်းက ဗျိုင်းဖြူကျေးရွာမှာ လူအစုလိုက်အပြုံလိုက်သေဆုံးမှုတွေမရှိဘဲ AA က စစ်ကောင်စီအပေါ် အပုတ်ချစွပ်စွဲပြီး ဝါဒဖြန့်ခြင်းသက်သက်သာဖြစ်တယ်လို့ ငြင်းပါတယ်။

ဗျိုင်းဖြူရွာကို ဝင်ရောက်ပြီး စစ်ကောင်စီတပ်သားတွေက နယ်မြေလုံခြုံရေးဆောင်ရွက်ခဲ့ချိန် အဲဒီရွာသားမဟုတ်ဘူးလို့ယူဆရသူ အမျိုးသားသုံးယောက်က သေနတ်ဝင်လုလို့ ပစ်ခတ်ရာကနေ သေဆုံးခဲ့ရတဲ့ဖြစ်စဉ်မျိုးသာရှိခဲ့တယ်လို့ ဇွန် ၅ ရက်နေ့မှာ သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ဒီနှစ် ဇွန်လ ၆ ရက်နေ့အထိ စစ်ကောင်စီကြောင့် သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ ပြည်သူ စုစုပေါင်း ၅၂၃၆ ဦးရှိခဲ့ပြီလို့ AAPP က ဆိုထားသလို သူတို့ နာမည်တွေအတည်မပြုနိုင်သေးတဲ့ သတ်ဖြတ်ခံရသူ ၁၈၀ဝ ဝန်းကျင်လည်း ရှိနေသေးတယ်လို့ ပြောပါတယ်။

ဒါ့အပြင် မနေ့ကအထိ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၆,၈၃၀ ဦးအထဲက ၉၁၇၁ ဦးဟာ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ AAPP က ဆိုထားပါတယ်။

ဓာတ်ပုံ – AAPP