ရှင်မကန်က ပျူစောထီးစခန်း တိုက်ခံရပြီး နှစ်ဦးသေ ခုနစ်ဦးဒဏ်ရာရ

Published on May 26, 2024

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ရှင်မကန် ပျူစောထီးရွာက ပျူစောထီးနေအိမ်ကို ဒေသတွင်း ပူးပေါင်းတပ်တွေက မေလ ၂၃ ရက်နေ့က တိုက်ခိုက်ခဲ့လို့ နှစ်ဦးသေပြီး ခုနစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။

 

ဒေသတွင်းတော်လှန်ရေးတပ်တွေဟာ အဲ့ဒီပျူစောထီးစခန်းကို မနက် ၆ နာရီကနေ ၁၁ နာရီထိ မိနစ် ၂၀ ခြားတစ်ခါ ငါးနာရီ ဆက်တိုက် ဒရုန်းဗုံးသီးအလုံး ၅၀ ဖြုတ်ချတိုက်ခိုက်ခဲ့တယ်လို့ Kamma Defence Force တာဝန်ရှိသူက  CJ Platform ကိုပြောပါတယ်။

 

“ မိနစ်နှစ်ဆယ်ခြား ဆက်တိုက်ချခဲ့တာ ဒီစခန်းကို ခု ချတာ ပထမဆုံးပဲ နယ်ခံတွေနဲ့ မဟာမိတ်အဖွဲ့တွေ ပေါင်းပြီး ချကြတာ နှစ်ဦးသေပြီး ခုနစ်ဦးဒဏ်ရာရတယ်” လို့ သူကပြောပါတယ်။

 

အဲဒီ တိုက်ခိုက်မှုကို မြိုင်ပကဖ၊ black cobra force (ကမ္မတပ်ပေါင်းစု)၊ Kamma defence force (KMDF)၊DMG (ဓားမင်းကြီး၊ ပေါက် ဗိုလ်တစ္ဆေအဖွဲ့ ၊ဒေါင်းရင်သွေး၊ ဧရာဒေါင်း ၊People defence force Kamma ၊နယ်စည်းမခြားfreedomဖက်ဒရယ်စစ်ကြောင်း၁၊ BLY ပျောက်ကြားတပ်ဖွဲ့ ၊Joker ပျောက်ကြားတပ်ဖွဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

 

ဒါ့အပြင် ရွာစဉ်လှည့်လည် မီးရှို့တယ်လို့ နာမည်ကြီးတဲ့ ပခုက္ကူ​​​မြို့နယ်၊ မြစ်ခြေ မြို့ရဲ့ အရှေ့ဘက်က အောင်သာပျူဆောထီးရွာကို  မေလ ၂၂ ရက်နေ့၊  ညနေ ၆ နာရီအချိန်မှာ ဖျက်အားပြင်း Drone ဗုံးသီး ၅ လုံးနဲ့ ကြဲချတိုက်ခိုက်ရာ ပျူစခန်းခြံဝန်းထဲက စခန်းတဲနှစ်ခု မီးလောင်ပြာကျသွားကာ ပျူခေါင်းဆောင်ကိုကျော်မောင်ရဲ့ ဒုလက်ထောက် ကိုတင့်ဇော်မှာ နေရာတင်သေဆုံးပြီး ပျူစောထီးတွေ အများအပြားထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ Kamma Defence Force က ထုတ်ပြန်ထားပါတယ်။