ပေ ၃၀ ခန့်အနက်ရှိ ရေတွင်းထဲကျတဲ့ ကြောင်လေးကို ကယ်ဆယ်

Author အညာသား
Categories
Published on May 13, 2024

တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ဇရစ်ရပ်ကွက် စံပယ်လမ်းရှိ နေအိမ်ခြံဝန်းထဲက အနက်ပေသုံးဆယ်လောက်ရှိတဲ့ ရေတွင်းထဲကို ပြုတ်ကျတဲ့ကြောင်လေးကို အဲဒီမြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တွေက သွားရောက်ကယ်ဆယ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဒီနေ့ မေ ၁၃ ရက် မနက် ၆ နာရီ ၄၀ မိနစ်ခန့်က ကြောင်လေးတစ်ကောင်ပြုတ်ကျနေတယ်လို့ အိမ်ရှင်က အကူအညီတောင်းခံလာတဲ့အတွက် အဲဒီမီးသတ်စခန်းက ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေဟာ ၇ နာရီ ၅၅ မိနစ်အထိကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ပြီးနောက် အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – Myanmar Fire Service Department