ရန်ကုန်မှာ မီးမမှန်လို့ EPC ကို ဆန္ဒထုတ်ဖော်

Author ကိုထားဝယ်
Categories
Published on May 07, 2024

ရန်ကုန်က မြို့နယ်တွေမှာ လျှပ်စစ်ဓာတ်အား လုံလောက်စွာမပေးနိုင်မှုအပေါ် လျှပ်စစ်ဌာန(EPC)ကို မြို့ခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ပူးပေါင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

 

ဆန္ဒထုတ်ဖော်သူတွေက ရန်ကုန် မြို့နယ်အချို့မှာ လျှပ်စစ်မီးမမှန်နေမှုများကို သည်းမခံနိုင်တော့သော ပြည်သူတွေနဲ့ တော်လှန်ရေးအင်အားစုများပူးပေါင်းပြီး ‘ငါ-ိုး EPC’ စာသားပါ စာရွက်များထောင်ချီကြဲချခဲ့ကြပါတယ်။

“အာဏာကျ မတရားသိမ်းချင်တယ်။ မီးကျတော့ မှန်အောင်မပေးနိုင်ဘူး။ မီးမမှန်တာကို ပြည်သူများ သည်းမခံနိုင်တော့ဆိုတဲ့ မေ ၇ ရက်လူထုလှုပ်ရှားမှုအနေနဲ့ပြုလုပ်ခဲ့ကြတာဖြစ်တယ်” လို့ ဆန္ဒထုတ်ဖော်သူတွေရဲ့ ရုပ်သံအတွင်း ဖော်ပြထားချက်အရ သိရပါတယ်။

 

ရုပ်သံ – လူမှုကွန်ရက်