ပန်းဘဲတန်းမြို့နယ်တွင် ကွမ်းယာဝယ်နေသည့် စစ်ကောင်စီတပ်သား အပစ်ခံရပြီးသေ

Author အောင်နိူင်သူ
Categories
Published on Sep 29, 2022

 

ပန်းပဲတန်းမြို့နယ် ၁ ရပ်ကွက်တွင် ယနေ့ ညနေပိုင်းက ပစ်ခတ်မှုဖြစ်ပွားရာ စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးပြီးလမ်းသွားလမ်းလာတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မြို့ခံတွေဆီက သိရသည်။

သိမ်ကြီးစျေး မဟာဗန္ဓုလလမ်းနှင့် ၂၆ လမ်းထိပ်တွင် ယနေ့ နေလည်သုံးနာရီခွဲက စစ်ကောင်စီတပ်မှ စစ်သားတစ်ဦး ကွမ်းဝယ်နေသည့်အချိန်တွင် အမည်မသိသူတွေက ပစ်ခတ်ခဲ့တာဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“စစ်သားဆို အဓိကထားပြီးပစ်တာ အဲ့အချိန်မှာ ကုန်ထမ်းသမားတစ်ယောက် ဖြတ်လာလို့ သူ့ကိုပါရှပ်ထိသွားတယ်စစ်သားကတော့ သေတယ်”ဟု ရှင်းပြသည်။

ပစ်ခတ်မှု့ကြောင့် စစ်ကောင်စီတပ်မှ တပ်သားတစ်ဦးသေဆုံးပြီး လမ်းသွားလမ်းတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်တွေက သိမ်ကြီးစျေးတစ်ဝိုက် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့သည်ဟု မြို့ခံတွေဆီက သိရသည်။

ရန်ကုန်တိုင်းရှိ တောင်ဒဂုံ၊မြောက်ဒဂုံ ပန်းဘဲတန်းမြို့နယ်များတွင် ယနေ့မနက်ပိုင်းမှ ညနေပိုင်းအထိ ပစ်ခတ်မှုသုံးကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားတစ်ဦး၊ရာအိမ်မှုးနှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သည်။