မင်းတန်းကျေးရွာကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲ

Author လဂွန်းအိမ်
Categories
Published on May 06, 2024

မကွေးတိုင်း မြောင်မြို့နယ်အတွင်းမှာရှိတဲ့ မင်းတန်းကျေးရွာကို စစ်ကောင်စီက မတ်လ ၅ရက်နေ့ နေ့လယ်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်လေးလုံး မီးလောင်ပျက်စီးပြီး ၁၆လုံးခန့် ထိခိုက်ခဲ့ကာ နွားလေးကောင် သေဆုံးခဲ့ရတယ်လို့ မြောင်ကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုနွေဦး(မြောင်)ထံက သိရပါတယ်။

ဆီမီးခုံဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ဒေသတွင်း တော်လှန်ရေးတပ်တွေက မင်းတန်းကျေးရွာအနီးကနေ ခုခံတိုက်ခိုက်ခဲ့တာကြောင့် ရှေ့မဆက်နိုင်ဘဲ ရွှေလှေရွာဘက်ကို စစ်ကြောင်းပြန်ဆုတ်ပြီးနောက်မှာ အခုလို ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

“ ၁ ရက်နေ့ထဲက ပြည်သူတွေကမရှိတော့ဘူးဗျ၊ အဲ့ဒါကြောင့်ပြည်သူထိခိုက်မှုမရှိခဲ့ပါဘူးဗျ၊ သူတို့ရှေ့ဆက်မတိုးနိုင်ပဲ တောက်လျောက်တိုက်ခံရတော့ အဲ့ဒါတွေနဲ့ပတ်သတ်ပြီး မကျေနပ်တာကြောင့် လာရောက်ဗုံးကြဲခဲ့တာလို့လည်း ယူဆရပါတယ်ဗျ”လို ကိုနွေဦးက CJ Platform ကိုပြောပါတယ်။

မတ်လ ၄ရက်နေ့မှာ ငါးဇွန်မြို့နယ် မြေတိုင်းရွာကို ရောက်လာတဲ့ စစ်ကောင်စီကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ခုခံတိုက်ခိုက်ခဲ့တာကြောင့် ၁၁ဦးထိ သေဆုံးခဲ့ရပြီး စစ်ကြောင်း ပြန်လည်ဆုတ်ခွာစဉ်မှာ ယခုလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

 

ဓာတ်ပုံ – မြောင်ကာကွယ်ရေးတပ်ဖွဲ့ CDSOM