နယ်မြေအခက်အခဲများကြားက မန်းနှင့် စစ်ကိုင်းက လူငယ်များကို ပထမဆုံး စစ်သင်တန်းပေးနိုင်ခဲ့ဟုဆို

Author မင်းထက်
Categories
Published on May 04, 2024

စစ်ကိုင်းနှင့် မန္တလေးဒေသအတွင်းရှိ စစ်မှုမထမ်းမနေရဥပဒေကြောင့် စစ်ကောင်စီထံ စစ်မှုမထမ်းလိုသော လူငယ်များကို အဓိကရွေးချယ်သင်ကြားပေးခဲ့သည့် အခြေခံစစ်သင်တန်းအပတ်စဉ် ၁ ကို အောင်မြင်စွာပို့ချနိုင်ခဲ့ကြောင်း ယူနီကွန်းပျောက်ကြားတပ်ဖွဲ့က ယမန်နေ့ မေလ ၃ ရက်နေ့က ထုတ်ပြန်​သည်။

အဆိုပါသင်တန်းကာလတစ်လကျော်အတွင်း စစ်ကောင်စီစစ်ကြောင်းအန္တရာယ်နှင့် နယ်မြေအခက်အခဲများဖြင့် ရင်ဆိုင်ခဲ့ရသည်ဟု ယူနီကွန်းပျောက်ကြားတပ်ဖွဲ့မှ တာဝန်ခံက CJ Platform သို့ပြောသည်။

“စစ်ကြောင်းတွေ ခဏခဏထိုးပြီး နယ်မြေမငြိမ်သက်တာကြောင့် တစ်လထက်ပိုကြာခဲ့ပြီး နယ်မြေအခက်အခဲပဲရှိခဲ့တာပါ။ သင်တန်းသားတွေက စစ်ကိုင်းမြို့နယ်နဲ့ မတ္တရာမြို့နယ်ကများပါတယ်” ဟု ၎င်းက ပြောသည်။

သင်တန်းသားများကို အခြေခံစစ်သင်တန်း၊ စစ်ကောင်စီနှင့် စစ်ကောင်စီတပ်သားများ၏ အလေ့အထ သဘောတရားများကို အဓိကသင်ကြားပေးခဲ့သည်ဟု ၎င်းက ပြောသည်။

 

ယင်းသင်တန်းကို ယူနီကွန်းပျောက်ကြားတပ်ဖွဲ့ နှင့် စစ်ကိုင်းခရိုင်တပ်ရင်း ၃ တို့ပူးပေါင်းသင်ကြားပေးခဲ့သော အမှတ်စဉ် ၁ သင်တန်းဆင်းတပ်သားများအတွက် လိုအပ်ချက်များရှိနေသကဲ့သို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ဝင်များကို အော်တိုမောင်းပြန်သေနတ်များတပ်ဆင်ပေးလိုသည်ဟု အထက်ပါတာဝန်ခံက ပြောသည်။

 

ဓာတ်ပုံ – ယူနီကွန်းပျောက်ကြားတပ်ဖွဲ့

 

Related News

Depend on news