ထီးလင်းPDFက CDMဝင်လာသည့် ရဲတပ်သားကို သိန်း၆၀ချီးမြှင့်

Author ခေတ်နီ
Categories
Published on Sep 28, 2022

မကွေးတိုင်း ထီးလင်းမြို့နယ်ထဲမှာ ရဲတပ်သားတစ်ဦး CDMဝင်ရောက်လာပြီး အဆိုပါရဲတပ်သားကို ငွေကျပ်သိန်း၆၀ချီးမြှင့်ခဲ့ကြောင်း ထီးလင်းPDFက ယနေ့မှာထုတ်ပြန်ထားသည်။

ထီးလင်းမြို့မရဲစခန်းမှ ရဲတပ်သား တစ်ဦးသည် ပြီးခဲ့သည့် စက်တင်ဘာလ၈ ရက်နေ့မှာထီးလင်း PDF၏ဂန့်ဂေါခရိုင် တပ်ရင်းများသို့ ဆက်သွယ်ကာ လက်နက်ခဲယမ်းများဖြင့် CDM ဝင်ရောက်လာခဲ့တာပဲဖြစ်သည်။

အဆိုပါရဲတပ်သားသည် BA 64 (G4)တစ်လက်၊ ကျည်ဘောက် ၂ ဘောက်၊ ကျည် ၂၄၈ တောင့်၊ လှံစွပ် ၁ ချောင်း တို့ပါ ယူဆောင်လာပြီး CDMပြုလုပ်လာခြင်းကြောင့် ထီးလင်းPDFက ငွေကျပ်သိန်း၆၀ချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

CDMပြုလုပ်ရန်ဆန္ဒရှိနေသည့် စစ်ကောင်စီလက် အောက်ခံ ရဲနှင့်စစ်သားများအနေဖြင့် ဂန့်ဂေါခရိုင်တပ်ရင်များကို ဆက်သွယ်CDMပြုလုပ်နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။