ဗကသများအဖွဲ့ချုပ် ဒုဥက္ကဌ ထောင်ဒဏ် ၂ နှစ် ထပ်မံအမိန့်ချခံ

Author ခေတ်နီ
Categories
Published on Sep 28, 2022

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၏ ဒုတိယဥက္ကဌ ဖြစ်သူ ကိုဝေယံဖြိုးမိုးကို ပုဒ်မ၅၀၅ (ခ)ဖြင့် အင်းစိန်ထောင်တွင်း တရားရုံးကနေ ထောင်ဒဏ် ၂နှစ်ထပ်မံချမှတ်လိုက်ကြောင်း ဗကသများ အဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားသည်။

ကိုဝေယံဖြိုးမိုးသည် ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်တရားရုံးမှ တရားစွဲဆိုထားသော ၅၀၅ (ခ) ပုဒ်မဖြင့် ယနေ့ စက်တင်ဘာလ ၂၈ ရက်နေ့မှာ အင်းစိန်ထောင်တွင်း တရားရုံး၌ အပြီးသတ်အမိန့် ထောင်ဒဏ် ၂ နှစ် ထပ်မံအမိန့်ချမှတ်လိုက်တာဖြစ်ပြီး ယခင်ကလဲ ကျောက်တံတား၊ ကမာရွတ်၊ မရမ်းကုန်း တရားရုံးများမှ မတရားစွဲဆိုထားသော ပုဒ်မ ၅၀၅(က) အမှု ၂ ခု၊ ငြိမ်းစုစီပုဒ်မ အမှု ၂ ခုအတွက် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၅ နှစ်နှင့် ၃ လ ချမှတ်ခံခဲ့ရသေးတာကြောင့် စုစုပေါင်း ထောင်ဒဏ်၇ နှစ်၃လ ချမှတ်ခံထားရတာပဲဖြစ်သည်။

ဒုဥက္ကဌ ကိုဝေယံဖြိုးမိုးသည် ၂၀၂၁ ခုနှစ် မတ်လ ၃ ရက်နေ့၌ GSC (ပူးပေါင်း) သပိတ်စစ်ကြောင်းကို ပစ်ခတ် ဖြိုခွဲခံရချိန်မှာ ရိုက်နှက်ဖမ်းဆီးခြင်းခံခဲ့ရတာဖြစ်ပြီး အင်းစိန်ထောင်တွင်း ချုပ်နှောင်ခံထားရချိန်မှာလဲ ထောင်တွင်း ညှဉ်းပမ်းနှိပ်စက်မှုများကိုခံခဲ့ရသည်ဟု ဗကသ၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

Related News

Depend on news