လှိုင်မြို့နယ် မီတာရုံးကို ကျဆုံး ရဲဘော်များအတွက် ဂုဏ်ပြုတိုက်ခိုက်ခဲ့ဟု ပြောက်ကျားအဖွဲ့များဆို

Author ခေတ်နီ
Categories
Published on Sep 28, 2022

 

ရန်ကုန်၊ လှိုင်မြို့နယ်၊ ဘူတာရုံလမ်းရှိ လျှပ်စစ်မီတာရုံးအား တိုက်ခိုက်မှုသည် ကျဆုံး ရဲဘော်များအတွက် ဂုဏ်ပြုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့သည့်အဖွဲ့များမှ ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်များ လုံခြုံရေးချထားသည့် လှိုင်မြို့နယ် ဘူတာရုံလမ်း လျှပ်စစ်မီတာရုံးရှေ့ရှိ ဘန်ကာကို ယမန်နေ့ ညနေ ၄ နာရီခွဲခန့် မှာ Spring Revolution Warrior ၊ S.I.A ၊ ရန်ကုန်မြေအောက် တော်လှန်ရေးတပ်ဖွဲ့နဲ့ ပြည်သူ့တော်လှန်ရေး အင်အားစုများက ပူးပေါင်း တိုက်ခိုက်ခဲ့တာ ပဲဖြစ်သည်။

စစ်ကောင်စီ လက်ဝေခံများ အနေနဲ့ ရန်ကုန်တိုင်းအတွင်း မည်မျှ စနစ်တကျ အထပ်ထပ်ကာရံ ပုန်းအောင်း နေပါစေ အားနည်းချက်ကို ရှာဖွေပြီး တိုက်ခိုက် ချေမှုန်းသွားမှာ ဖြစ်ပြီး စစ်ကောင်စီ ထိပ်သီးပိုင်းရဲ့ ကိုယ်ကျိုးစီးပွား အတွက် ကာကွယ်ပေးပြီး ပြည်သူကို ဆန့်ကျင်သူ မှန်သမျှ တိုက်ခိုက်သွားမှာဖြစ်လို့ အမြန်ဆုံး အလင်းဝင်ကြဖို့ ထုတ်ပြန်ချက်မှာဖော်ပြထားသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်မှုများရှိတယ်လို့ပြောဆိုမှုများရှိနေပေမယ့် သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။