တောင်လှတောင်ပေါ်ရှိ စစ်ကောင်စီတပ် ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး ငါးဦးထက်မနည်း ထိခိုက်

Author မင်းထက်
Categories
Published on Apr 02, 2024

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် အရှေ့ခြမ်း‌ ကုလားမရွာနှင့် လက်ကောက်ကျကျေးရွာ အနောက်ဘက်  တောင်လှတောင်အပေါ်ရှိ စစ်ကောင်စီတပ်ကို မတ် ၃၁ရက် နံနက်  ၁၁နာရီခန့်တွင် PDF များက ဒရုန်းဖြင့် ဗုံးသီး ကိုးလုံးချတိုက်ခိုက်ရာ ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နယ်စည်းမခြားရွှေဘိုသား ( LPDF ) အဖွဲ့က ဧပြီလ ၁ရက်နေ့တွင် ထုတ်ပြန်လာသည်။

 

“တပ်ဆွဲထားတာတော့ကြာပြီ ခုတိုက်ခိုက်ခဲ့တာ  ဒဏ်ရာ ရသွားတဲ့သူပဲများတယ် ၊ သေဆုံးသတင်းကတော့ မသိရသေးတာ” ဟု နယ်စည်းမခြားရွှေဘိုသား ( LPDF ) အဖွဲ့ တာ၀န်ရှိသူတစ်ဦးက CJ Platform သို့ ပြောသည်။

 

တိုက်ခိုက်မှုကြောင့်  စစ်ကောင်စီတပ်သားများက လက်နက်ကြီးလက်နက်ငယ်များဖြင့် ပြန်လည်ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

 

ယင်း တိုက်ခိုက်မှုကို  နယ်စည်းမခြားရွှေဘိုသား(Local pdf) Fix Wings Droneတပ်ဖွဲ့နှင့်vအတူ (နတ်တောင်နဂါးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ဂဠုန်းကြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ ၊ ရွှေဘိုသခင်ကြီး(ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ရွှေဘိုခရိုင် တပ်ရင်းအမှတ်(တပ်ရင်းအမှတ်၁၅) ၊  ကြောင်လက်သည်း(ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ယင်းစခန်းရှိ စစ်ကောင်စီတပ်သားများသည်  မတ်လ ၂၅ ရက် ညနေ ၅ နာရီခန့်က ဝက်လက်မြို့နယ် အရှေ့ခြမ်း ထုံးဘိုကုန်းရွာ မြောက်ဘက်ရှိ ပြည်သူများနေအိမ်ပေါ်သို့ ဒရုန်းဖြင့်  သုံးကြိမ်လာရောက်၍ ဗုံးသီး ခုနစ်လုံးချ တိုက်ခိုက်ခဲ့ကြောင်း Wetlet Informational Network ၏ ဖော်ပြချက်အရ သိရသည်။

 

ရုပ်သံ – နယ်စည်းမခြားရွှေဘိုသား(Local PDF)