ခင်ဦးမြို့၌ ဆန္ဒထုတ်ဖော်သူများကို ထမိန်လှန်၍ ဆဲဆိုခဲ့သည်ဟုဆိုသော အမျိုးသမီးတစ်ဦး အပစ်ခံရ

Author မောင်ဒဂုံ
Categories
Published on Sep 22, 2022

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၌ ရဲ မိသားစုဝင်ဟု ဆိုသည့် အမျိုးသမီးတစ်ဦး ယနေ့ နံနက်ပိုင်းက သေနတ်ဖြင့် ပစ်ခံရ၍ သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ နံနက် ၇နာရီကျော်က ခင်ဦးမြို့မစျေးသို့ စျေးဝယ်ထွက်လာသည့် မချို ဆိုသူ အမျိုးသမီတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးခဲ့သူ အမျိုးသမီးမှာ ယခင် ငြိမ်းချမ်းစွာလူထုသပိတ်များ ပြုလုပ်ခဲ့စဥ်က ဆန္ဒပြ ပြည်သူများအား ထမိန်လှန်၍ ဆဲဆိုခဲ့သူ တစ်ဦးဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက သတင်းပေး ထုတ်ပြန်ထားသည်။

ထို့ပြင် သေဆုံးသူ အမျိုးသမီးသည် ရဲတစ်ဦး၏ ဇနီးဖြစ်သည်ဟု ဆိုသော်လည်း သီးခြား အတည်ပြု၍ မရသေးပေ။

ယနေ့ နံနက်ပိုင်း ခင်ဦးမြို့မစျေး ပစ်ခတ်မှုများ ဖြစ်ပြီးနောက် မြို့ပေါ်၌ စစ်ကောင်စီ တပ်များ စစ်ကား သုံးစီးဖြင့် စစ်ဆေးရေးများ တင်းကြပ်နေကြောင်း သိရသည်။