မင်းတပ်အခြေစိုက် ခလရ ၂၇၄တပ်ရင်း လက်နက်ကြီးဖြင့် ပစ်ခံရ
ချင်းပြည်နယ် မင်းတပ်မြို့အခြေစိုက် ခလရ ၂၇၄ တပ်ရင်းကို လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း CDF မင်းတပ်က သတင်းထုတ်ပြန်ထားသည်။
မင်းတပ်မြို့နယ် အနောက်ရပ်ကွက်ရှိ စစ်ကောင်စီတပ်၏ ခလရ ၂၇၄တပ်ရင်းအတွင်းကို ယမန်နေ့ညနေ ၆ နာရီခန့်က လက်နက်ကြီး များဖြင့် CDF မင်းတပ်က ပစ်ခတ်တိုက်ခိုက်ခဲ့တာ ပဲဖြစ်သည်။
အဆိုပါပစ်ခတ်မှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု့ အသေးစိတ်ကိုတော့ မသိရှိရသေးပါဘူး။