အင်းစိန်အကျဉ်း‌ထောင်အနီးရှိ အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်ကွဲ

Author ကိုထက်
Categories
Published on Feb 08, 2024

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ အင်းစိန်‌အကျဉ်း‌ထောင်အနီးရှိ ဈေးကုန်းအနောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့(ဖေဖော်ဝါရီလ ၈)ရက် မွန်းတည့် ၁၂ နာရီခွဲခန့်က ဗုံးပေါက်ကွဲကြောင်း ယင်းရပ်ကွင်ရုံးအနီးနေထိုင်သူများထံမှ သိရသည်။

 

ထိုပေါက်ကွဲမှုကြောင့် လူအထိအခိုက်မရှိခဲ့သော်လည်း အငှားယာဉ်တစ်စီး ထိခိုက်ပျက်စီးခဲ့ကြောင်း ၎င်းတို့က ပြောသည်။

 

“ ၁၂ နာရီခွဲလောက်ကဖြစ်တာ။ ဈေးကုန်းအနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးပဲ။ ရုံးက ပိတ်ထားတော့ လူမရှိဘူး။ အဲဒီရှေ့ ရပ်ထားတဲ့ Taxi ကားတစ်စီး ပျက်စီးသွားတယ်” ဟု ထိုရပ်ကွက်နေသူတစ်ဦးက ပြောသည်။

 

ဗုံးပေါက်ပြီး မိနစ်ပိုင်းအတွင်း စစ်ကောင်စီတပ်သားများရောက်ရှိလာပြီး စစ်ဆေးမှုများလုပ်ဆာင်ခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သူ ၎င်းက ပြောသည်။

 

အဆိုပါ ဈေးကုန်းအနောက်ရပ်ကွက်ရုံး ဖောက်ခွဲတိုက်ခိုက်မှုကို ရန်ကုန်မြို့ပြ Dark Shadow တပ်ဖွဲ့နှင့် မဟာမိတ် GOD အဖွဲ့တို့ ပူးပေါင်း၍ အဝေးထိန်းစနစ် အသုံးပြုပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းကလည်း အင်းစိန် CID ရုံးအနီးတွင် ဗုံးသုံးကြိမ် ပေါက်ကွဲခဲ့သေးသည်။