ကလေးဝမြို့နယ် မစိန်ရဲကင်း တိုက်ခိုက်ခံရပြီး ရဲ ခုနှစ်ဦးထက်မနည်းသေဆုံး

Author ခေတ်နီ
Categories
Published on Sep 20, 2022

စစ်ကိုင်းတိုင်း ကလေးဝမြို့နယ်အတွင်းရှိ မစိန်ကျေးရွာ နယ်မြေရဲစခန်း တိုက်ခိုက်ခံရပြီး ရဲတပ်သား ခုနှစ်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ကလေးဝPDFက ယနေ့မှာ သတင်းထုတ်ပြန်ထားသည်။

ကလေးဝမြို့နယ် ၊မစိန်ကျေးရွာ နယ်မြေရဲစခန်းကို စက်တင်ဘာလ ၁၈ရက်နေ့ မနက်ပိုင်းမှာ ကလေးဝ PDFက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး အဆိုပါရဲစခန်းမှ ရဲတပ်သား ခုနှစ် ဦးထက်မနည်း သေဆုံးခဲ့ကာ ရဲတပ်သားအချို့ ထိခိုက်ဒဏ်ရာ ရရှိပြီး ထွက်ပြေးသွားကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲမှ စစ်ကောင်စီ လက်အောက်ခံရဲတပ်အဖွဲ့ဝင်များ၏ G3 သေနတ် ၅ လက် ၊Uzi သေနတ် ၂ လက် ၊M79 လောင်ချာ ၁ လက် ၊ လက်ပစ်မိုင်း ၃ လုံး ၊7.62ကျည် 297 တောင့် ၊Uzi ကျည် 149 တောင့် ၊125ဆိုင်ကယ် ၄ စီး ၊ဆက်သွယ်ရေးအထိုင်စက် ၂ လုံး ၊ဆက်သွယ်ရေးစကားပြောစက် ၃ လုံး ၊ဖုန်း ၁၀ လုံး ၊Power bank ၁လုံး ၊Laptop ၁လုံး ၊ပိုက်ဆံအိတ် ၂ လုံး ၊ပိုက်ဆံ 13000ကျပ် ၊လက်ထိပ် ၂ ခု ၊ရွှေဆွဲကြိုး ၁ ကုံး ၊ကျောပိုးအိတ် ၁ လုံး ၊ဘေးလွယ်အိတ် ၃ လုံး ၊ဓား ၁ ချောင်း ၊Equipment ၁ခုတို့ သိမ်းဆည်းရမိခဲ့သေးတယ်လို့လဲ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုတိုက်ပွဲအတွင်း ဒေသခံ အမျိုးသမီးတစ်ဦးလည်း ထိခိုက်သေဆုံးသွားပြီး ထိုဖြစ်ရပ်အတွက် အထူးစိတ်မကောင်း ဝမ်းနည်းဖြစ်ရကြောင်းနှင့် ကာယကံရှင်မိသားစုအား လေးလေးနက်နက် တောင်းပန်ကြောင်း ကလေးဝPDF၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။