ငလျင်ကြောင့် နေပြည်တော်က ကျောက်မျက်ရတနာပြတိုက် အတွင်းပိုင်းပါ ပျက်စီး၊ ပြတိုက်တွင်းက ရတနာအချို့ မှောင်ခိုစျေးကွက်ထဲ ရောက်ရှိနေ

Author CJ Platform
Categories
Published on Apr 06, 2025

ငလျင်ကြောင့် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်မှာရှိတဲ့ မြန်မာ့ကျောက်မျက်ရတနာပြတိုက် အတွင်းပိုင်းပါ ပျက်စီးသွားခဲ့ရပြီး ပြသထားတဲ့ ရတနာတွေ မပျောက်စေရေးအတွက် စစ်ကောင်စီက အထူးလုံခြုံရေးချထား ဆောင်ရွက်နေတယ်လို့ ကျောက်မျက်ကုန်သည်တွေဆီက သိရပါတယ်။

 

မြန်မာ့ကျောက်မျက်ရတနာပြတိုက်မှာ မတ်လ ၂၈ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်အတွင်း အဆောက်အဦး ၄၀ရာခိုင်နှုန်းခန့်ထိ ပြိုကျပျက်စီးသွားခဲ့ကာ ပြတိုက်အတွင်း ပြသထားတဲ့ အဖိုးတန်ရတနာပစ္စည်းအချို့ပါ ပျက်စီးခဲ့ရတယ်လို့ အဲဒီအကြောင်း သိရှိထားသူတစ်ဦးက ပြောပါတယ်။

“ငလျင်လှုပ်အပြီးထဲက ဝင်ခိုးသွားသူတွေရှိတယ် သူတို့ထဲကပါပဲ၊ စျေးကွက်ထဲကို ပြတိုက်က ပစ္စည်းအချို့ မှောင်ခိုရောက်နေတယ်၊ တပ်ပိုင်းကပဲ လုပ်နေတာ၊ အခုတော့ လုံခြုံရေးကို တိုးချထားတယ် ပျက်စီးမှုတွေကို မှတ်တမ်းတင်ပြီး ပြောင်းရွေ့ဖို့လွယ်တဲ့ အဖိုးတန်ပစ္စည်းတွေကို သူတို့သိမ်းနေတယ်၊ ပျက်စီးသွားတာတွေလည်း မနည်းဘူး”လို့ မန္တလေးမြို့မှာ ရှိတဲ့ အမည်မဖော်လိုသူ ကျောက်မျက်ကုန်သည်တစ်ဦးက ပြောပါတယ်။

 

အင်အားပြင်း ငလျင်ကြောင့် စစ်ကောင်စီအခြေစိုက် နေပြည်တော်မှာလည်း ထိခိုက်မှု ပြင်းထန်ခဲ့ပြီး ရုံးအဆောက်အဦတွေသာမက ဝန်ထမ်းအိမ်ယာတွေပါ ပျက်စီးခဲ့ရပြီး စစ်ကောင်စီက သတင်းဖုံးထားခဲ့ပါတယ်။

 

ဓာတ်ပုံ – pro SAC

Related News

Depend on news