လားရှိုးမြို့ နောက်ဆုံးအခြေအနေ

Author ကိုထားဝယ်
Categories
Published on Jul 04, 2024

တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေး စစ်မီးကူးစက်ခံနေရတဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ ရှမ်းမြောက်က လားရှိုးမြို့မှာ စစ်ကောင်စီနဲ့ ကိုးကန့်တပ် MNDAA တို့ကြား တိုက်ပွဲ သုံးရက်တိုင်လာချိန် ဘာတွေဆက်ဖြစ်နေပါသလဲ။ နေ့လယ်ပိုင်းအထိ သိထားရတဲ့ မြို့တွင်း နောက်ဆုံးအခြေအနေတွေအကြောင်း၊ အရပ်သားထိခိုက်သေဆုံးမှုတွေအကြောင်း၊ မြို့ဝင်/မြို့ထွက် ပြန်ဖွင့်မဖွင့်၊ လေဆိပ် ဆက်ပိတ်မပိတ်ဆိုတာတွေနဲ့ ပတ်သက်လို့ မြို့ခံတွေကို အကူအညီလိုက်ပေးနေတဲ့ မြတ်ရတနာပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးနဲ့ ဆက်သွယ်မေးမြန်းထားချက်များကို ကောက်နုတ်ဖော်ပြအပ်ပါတယ်။

 

# ဇူလိုင် ၄ ရက် မနက်ပိုင်းကနေ မွန်းတည့်ချိန်ခန့်အထိ မြို့ပတ်ပတ်လည်မှာ အပြန်အလှန်ပစ်ခတ်သံတွေ ကြားရ၊

 

# မနက်ပိုင်းမှာ ရပ်ကွက် ၉၊ နယ်မြေ ၁ ဘူတာဘက် လက်နက်ကြီးကျလို့ သားအမိနှစ်ဦးသေဆုံး၊

 

# နေ့လယ်ပိုင်းတော့ နည်းနည်းပြန်ငြိမ်နေ၊

 

# မြို့ခံတွေ ကျီးလန့်စာစားအခြေအနေနဲ့ စိုးရိမ်ထိတ်လန့်နေကြ၊

 

# လမ်းပေါ်ထွက်သူနည်းပြီး အိမ်ထဲမှာပဲ နေထိုင်နေကြ၊

 

# မနက်ပိုင်းကစပြီး မြို့ဝင်/မြို့ထွက် ပြန်ဖွင့်၊

 

# လားရှိုးလေဆိပ် ဆက်ပိတ်ထား၊

 

# လားရှိုး-မူဆယ်လမ်းမှာ ကားတွေ ဆက်လက်ပိတ်မိနေ၊

 

# လားရှိုးမြို့မဈေးမှာ ဆိုင်အများစု ပိတ်ထား

 

# မနေ့ကနဲ့ နှိုင်းယှဉ်ပါက ဒီနေ့ တိုက်ပွဲ အနည်းငယ်ငြိမ်တယ်လို့ ၎င်းက CJ Platform ကို ပြောပါတယ်။

 

 

ဓာတ်ပုံ – လူမှုကွန်ရက်