ဒရုန်းမစ်ရှင်တွေကိုပါ ဖော်ဆောင်လာတဲ့ နယ်စည်းမခြားရွှေဘိုသားအဖွဲ့

Author မင်းထက်
Categories
Published on Jul 27, 2024

နယ်စည်းမခြားဘဲ ဒရုန်းမစ်ရှင်တွေကိုပါ ဖော်ဆောင်လာနေတဲ့ နယ်စည်းမခြား ရွှေဘိုသား (LPDF) အဖွဲ့ဟာ ဒေသတွင်း ကာကွယ်ရေးကာကွယ်ရေး တပ်ဖွဲ့တစ်ခုဖြစ်တာကြောင့် ထောက်ပံ့ကူညီမှုတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

 

အဲဒီတပ်ဖွဲ့ဟာ ၂၀၂၁ခုနှစ် ဇူလိုင်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး စတင်စဉ်က စစ်ကောင်စီတပ်တွေကို ခြုံခိုမိုင်းဆွဲတာ၊ လက်လုပ်လက်နက်ကြီးတွေနဲ့ပဲ ပြောက်ကျားတိုက်ခိုက်တာတွေကို လုပ်ဆောင်ခဲ့ပေမယ့် အခုချိန်မှာတော့ ဒရုန်းမစ်ရှင်တွေကိုပါ ဆောင်ရွက်လာနေပြီဖြစ်ပါတယ်။

 

“စစ်ဆင်ရေးလုပ်တာက နေရာဒေသမခွဲခြားပါဘူးစစ်ဆင်ရေးနဲ့ ပတ်သက်လို့ကတော့ မြို့နယ် နေရာဒေသမခွဲခြားဘဲ လုပ်ဆောင်နေပါတယ်ဗျ။ဘယ်လိုခက်ခဲခဲ ဒီထက်မကကောင်းမွန်တဲ့ ဒရုန်းစစ်ဆင်ရေးပြုလုပ်ပါအုန်းမယ်” လို့ နယ်စည်းမခြားရွှေဘိုသား (LPDF)အဖွဲ့ တာ၀န်ခံက ဆိုပါတယ်။

 

သူတို့တပ်ဖွဲ့ဟာ LPDF တပ်ဖွဲ့ဖြစ်တာကြောင့် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ထံကနေလည်း အကူညီတွေ မရဘူးလို့ သိရပါတယ်။

 

“အဖွဲ့စည်းအနေနဲ့က ငွေကြေးမပြည့်စုံတော့ အခက်ခဲတွေနဲ့ ရင်ဆိုင်နေရတယ်။ စစ်သုံးစရိတ်တွေကလည်း ကြီးလာတယ်၊ NUG ဘက်ကလဲ ထောက်ပံတာတို့ ဘာဆိုဘာမှ မရရှိသေးပါဘူးဗျ” လို့ နယ်စည်းမခြားရွှေဘိုသား (LPDF)အဖွဲ့ခေါင်းဆောင်က ဆိုပါတယ်။

 

စစ်ဆင်ရေးတွေလုပ်ဆောင်ရာမှာ ဒရုန်းအသီး တစ်လုံးကို ကုန်ကျစရိတ် ၇၀၀၀၀ကျပ် နဲ့ ဒရုန်းဓာတ်ခဲတစ်လုံးကို ၄၈၀၀၀၀ကျပ် အထိရှိနေပြီး အဲဒါတွေဟာ စစ်ဆောင်ရေး ဖော်ဆောင်ရာမှာ အထူးလိုအပ်ချက်ဖြစ်တာကြောင့် ၀ယ်ယူဖြည့်တင်းနိုင်ရေးအတွက် ကူညီထောက်ပို့ပေးဖို့ကိုလည်း နယ်စည်းမခြားရွှေဘိုသားဒရုန်းအဖွဲ့  (LPDF)က မေတ္တာရပ်ခံ တောင်းဆိုထားပါတယ်။

 

ဓာတ်ပုံ – နယ်စည်းမခြားရွှေဘိုသား

 

Related News

Depend on news