တရုတ်ဩဇာခံ မင်းအောင်လှိုင်က နိုင်ငံအများရဲ့ ဩဇာခံ မဖြစ်ဖို့ လိုအပ်တယ်လို့ဆို

Author CJ Platform
Categories
Published on Jun 26, 2025

တရုတ်ဩဇာခံအဖြစ် လုပ်ဆောင်နေတဲ့ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ဟာ နိုင်ငံတကာ ဆက်ဆံရေးမှာ ဩဇာခံမဖြစ်သွားဖို့ လိုအပ်တယ်လို့ ပြောကြားလိုက်ပါတယ်။

 

ရုရှားသမ္မတပူတင်ကိုပါ ဗုဒ္ဓက ဗျာဒိတ်ပေးထားတဲ့ ဘုရင်ဆိုပြီး မြှောက်ပင့်ပြောဆိုခဲ့ဖူးသူ စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဇွန်လ ၂၅ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ Peace Forum 2025 ဖွင့်ပွဲအခမ်းအနားမှာ အခုလို ပြောကြားလိုက်တာပါ။

 

“ငြိမ်းချမ်းရေးဖော်ဆောင်ရာမှာလည်း ပြည်ပစွက်ဖက်မှု မရှိဖို့လိုအပ်သလို၊ ပြည်တွင်းက အဖျက်အမှောက် ပယောဂတွေ ကင်းကင်းရှင်းရှင်းနဲ့ လုပ်ဆောင်နိုင်ဖို့လည်း လိုပါတယ်။ တိုင်းရင်းသားညီအကိုအချင်းချင်း ပြည်ထောင်စုစိတ်ဓာတ်အရင်းခံပြီး နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်မှသာ စစ်မှန်ပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်နိုင်လိမ့်မယ်လို့ ကျွန်တော်အနေနဲ့ အပြည့်အဝ ယုံကြည်ထားပါတယ်။ နိုင်ငံတကာဆက်ဆံရေးနဲ့ ပတ်သတ်ပြီး နိုင်ငံအများနဲ့ သဟဇာတဖြစ်ဖို့ လိုအပ်တာမှန်ပေမဲ့လည်း ဩဇာခံဖြစ်မသွားဖို့လည်း အထူးသတိပြုကြဖို့ လိုအပ်မှာဖြစ်ပါတယ်”လို့ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။

 

စစ်ကောင်စီရဲ့ Peace Forum 2025 ဆွေးနွေးပွဲကို စစ်ကောင်စီဆီ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ တက်ရောက်ခဲ့ပေမဲ့ လက်ရှိမှာ စစ်ကောင်စီနဲ့ နေ့စဉ်တိုက်ပွဲဖြစ်ပွားနေတဲ့ တော်လှန်ရေးအင်အားစုတွေကတော့ ပါဝင်လာတာ မရှိခဲ့ပါဘူး။

 

ဓာတ်ပုံ – pro-SAC

Related News

Depend on news