လေကြောင်းအန္တရာယ်ကြားက ကော်သူးလေ အစိုးရစစ် စာမေးပွဲဖြေဆို
ကရင်ပြည် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ KNU ထိန်းချုပ်ရာနယ်မြေ ဝင်းရေးမြို့နယ် ဒူးပလာယာခရိုင် မှာ ကော်သူးလေ အစိုးရစစ် စာမေးပွဲကို တာဝန်ရှိသူခေါင်းဆောင်တွေနဲ့ ဆရာ/ဆရာမတွေ ပူးပေါင်းကာ ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့က ဖြေဆိုပြီးစီးခဲ့ပြီဖြစ်တယ်လို့ KNU ဗဟိုက ဒီကနေ့မှာ ထုတ်ပြန်လာပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြားကနေ ကော်သူးလေ အစိုးရစစ် စာမေးပွဲကို အောင်မြင်စွာဖြေဆိုပြီးခဲ့တာဖြစ်ပြီး Karen Education Culture Department (KECD) Grade – 6၊ 9၊ 12 စတဲ့ အတန်းတွေဖြစ်တယ်လို့ သိရပါတယ်။
KNU ဗဟိုရဲ့ ထုတ်ပြန်ထားတဲ့ ဓာတ်ပုံတွေအရ စစ်ကောင်စီရဲ့ လေကြောင်းအန္တရာယ်ကြောင့် စာမေးပွဲကို ကရင်အမျိုးသားအစည်းအရုံးထိမ်းချုပ်ရာ နယ်မြေက ရာဘာတောထဲမှာ စာမေးပွဲဖြေဆိုနေတာကို တွေ့ရပါတယ်။
ဓာတ်ပုံ – KNU