ချင်းညီနောင် CBရဲ့ ဖလမ်းမြို့သိမ်းအောင်ပွဲကို ချင်းအမျိုးသားတပ်ဦး CNF ကဂုဏ်ယူကြောင်း ထုတ်ပြန်

Author CJ Platform
Categories
Published on Apr 10, 2025

ချင်းညီနောင်က ဖလမ်းမြို့ကို စစ်ကောင်စီကင်းစင်နယ်မြေအဖြစ် မနေ့ ဧပြီ ၉ ရက်နေ့မှာ ထုတ်ပြန်ခဲ့ ပြီးနောက် ဒီကနေ့မှာတော့ ချင်းအမျိုးသားတပ်ဦး CNF က ဂုဏ်ယူဝမ်းမြောက်ကြောင်း မှတ်တမ်းတင်တယ်လို ဒီကနေ့မှာ ထုတ်ပြန်လာပါတယ်။

 

ချင်းညီနောင် စစ်ဆင်ရေး (Operation CB)ရဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲ အောင်မြင်မှုနဲ့ စစ်ဆင်ရေးမှာ ပူးပေါင်းပါဝင်ကြတဲ့ ချင်းညီနောင် တပ်ဖွဲ့ဝင်တွေနဲ့ မဟာမိတ်တပ်ဖွဲ့ဝင်တွေကို ချင်းလဲန်းကောင်စီရဲ့ ချင်းအမျိုးသားတပ်ဦး CNF/CNA က အားလုံးအပေါ် ဂုဏ်ယူဝမ်းမြောက်တယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် အာဏာရှင်စနစ်ကျဆုံးပြီး စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး၊ ချင်းလဲန်းတည်ဆောက်ရေးနဲ့ ချင်းလူမျိုးများကိုယ်ပိုင် ပြဌာန်းမှု အပြည့်အဝရရှိရေးအတွက် ဆက်လက်တိုက်ပွဲဝင်ကြဖို့ကိုလည်း ချင်းအမျိုးသားတပ်ဦး ဗဟိုအလုပ်အမှုဆောင်ကော်မတီ ကနေနဲ့ ထုတ်ပြန်တိုက်တွန်းထားပါတယ်။

 

ဖလမ်းမြို့ကို ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဧပြီလ ၇ ရက်နေ့ကတည်းက စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန် ခလရ ၂၆၈ ကိုသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး မနေ့က ဧပြီ ၉ ရက်နေ့မှာတော့ စစ်ကောင်စီကင်းစင်နယ်မြေအဖြစ် ကြေညာခဲ့တာပါ။

 

ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းအမြောက်အများရရှိခဲ့တဲ့အပြင် စစ်ကောင်စီ ၁၀၀ ဝန်းကျင်ခန့် သေဆုံးခဲ့ရကာ စစ်သုံပန်းတွေလည်းဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – ချင်းညီနောင်