ယာယီသမ္မတဆိုသူ မင်းအောင်လှိုင်က ပြည်ထောင်စုအစိုးရအဖွဲ့မှာ ပညာရေးဝန်ကြီးဌာနကို ထပ်တိုးဖွဲ့စည်း

Author CJ Platform
Categories
Published on Jul 31, 2025

စစ်ခေါင်းဆောင် ယာယီသမ္မတဆိုသူ မင်းအောင်လှိုင်က သူအသစ်ဖွဲ့စည်းလိုက်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့မှာ ပညာရေးဝန်ကြီးဌာနကို ထပ်တိုးဖွဲ့စည်းလိုက်ပြီး လေ့လာဆန်းစစ် အကဲဖြတ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာချောချောစိန်ကို ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ကြောင်း ဇူလိုင် ၃၁ရက်နေ့ မွန်းလွဲ ၂နာရီခွဲခန့်မှာ ထပ်တိုးထုတ်ပြန်လာပါတယ်။

 

ဒေါက်တာချောချောစိန်ဟာ လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် အဖြစ် တာဝန်မယူမီ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှာ ဒုတိယပါမေက္ခချုပ်အဖြစ် တာဝန်ယူခဲ့သူပဲဖြစ်ပါတယ်။

 

စစ်ကော်မရှင်ရဲ့ ကနဦးထုတ်ပြန်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ဆိုတဲ့ အစိုးရအဖွဲ့စာရင်းမှာ ပညာရေးဝန်ကြီးဌာနမပါဝင်တာကို လွတ်လပ်တဲ့ သတင်းမီဒီယာတွေက ထောက်ပြမှုအပြီးမှာ အခုလို ဆက်လက် ထုတ်ပြန်လာတာပဲ ဖြစ်ပါတယ်။

 

ဓာတ်ပုံ- SAC

 

 

 

Related News

Depend on news