ရိုဟင်ဂျာများအတွက် ဆင်းရဲဒုက္ခအဆုံးသတ်ရန် တစ်ခုသောနည်းလမ်းသည် ဒီမိုကရေစီ အရပ်ဘက်အုပ်ချုပ်မှု ပြန်လည်ရရှိရေးပင်ဖြစ်သည်ဟု NUG ထုတ်ပြန်

Author လင်းခိုင်
Categories
Published on Mar 07, 2023

 

ရိုဟင်ဂျာများအတွက် ဆင်းရဲဒုက္ခအဆုံးသတ်ရန် တစ်ခုသောနည်းလမ်းသည် ဒီမိုကရေစီ အရပ်ဘက်အုပ်ချုပ်မှု ပြန်လည်ရရှိရေးပင်ဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက မတ် ၆ ရက်တွင် Cox’s Bazar စခန်းတွင် ဖြစ်ပွားခဲ့သည့် မီးလောင်မှုနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မတ် ၆ ရက်က Cox’s Bazar တွင် ဖြစ်ပွားခဲ့သည့် မီးလောင်ကျွမ်းမှုကြောင့် ထိခိုက်ခံစားခဲ့ရသည့် ရိုဟင်ဂျာ မိသားစုဝင်များအတွက် စာနာမှုနှင့် စည်းလုံးညီညွတ်မှုကို ဖော်ပြအပ်သည်ဟု ဆိုထားသည်။

ထို့ပြင် NUG အနေဖြင့် UNHCR ၊ နိုင်င့တကာ မိတ်ဖက်များ၊ ဒေသခံ ရိုဟင်ဂျာအဖွဲ့အစည်းများနှင့်အတူ ထိခိုက်ခံစားရသော အိမ်ထောင်စုများအတွက် အကူအညီများ ပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားခြင်းဖြစ်သည်။

NUG အနေဖြင့် ရိုဟင်ဂျာဒုက္ခသည်များအတွက် ရေတိုလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေစဉ်တွင် ယင်းတို့၏ ဆင်းရဲဒုက္ခများကို အဆုံးသတ်နိုင်ရန်နှင့် မြန်မာနိုင်ငံရှိ နေရပ်များသို့ ဘေးကင်းလုံခြုံပြီး ရေရှည်တည်တံ့သောနည်းလမ်းဖြင့် ပြန်လည်နေထိုင်ရေးအား ကူညီဆောင်ရွက်ပေးရန်အတွက် ရေရှည်ဖြေရှင်းနည်တစ်ခု လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော်လည်း ရေရှည်နိုင်ငံရေး အဖြေရရှိနိုင်မည့် တစ်ခုတည်းသောနည်းလမ်းမှာ မြန်မာနိုင်ငံတွင် စစ်အာဏာရှင် ချုပ်ငြိမ်းပပျောက်ရေး၊ တည်ငြိမ်အေးချမ်းမှုနှင့် ဒီမိုကရေစီအရပ်ဘက်အုပ်ချုပ်မှု ပြန်လည်ရရှိရေးပင် ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။

NUG အနေဖြင့် အားလုံးပါဝင်သည့် ပြည်သူ့ကို ဗဟိုပြုသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး လမ်းပြမြေပုံ၏ အဓိကအစိတ်အပိုင်းတစ်ရပ်အဖြစ် ၂၀၂၁ ခုနှစ် ဇွန် ၃ ရက်တွင် ထုတ်ပြန်ခဲ့သည့် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများနှင့် ပတ်သက်သည့် မူဝါဒရပ်တည်ချက်ကို အကောင်အထည်ဖော်ဆောင်သွားမည်ဟု ကတိပြုထားသည်။
#CjPlatform #ရိုဟင်ဂျာ #NUG