စစ်ကောင်စီက YouTube အစားထိုး platform တစ်ခုကိုလုပ်ဆောင်ဖို့ ပြင်ဆင်နေသည်ဟု ဆိုလာ

Author ခေတ်နီ
Categories
Published on Sep 02, 2022

ဆိုရှယ်မီဒီယာ platform တစ်ခုဖြစ်သည့် YouTube ကို အစားထိုးနိုင်ဖို့ Video Sharing and Live Streaming Platform တစ်ခုကိုလုပ်ဆောင်နေတယ်လို့ စစ်ကောင်စီဘက်က ယနေ့မှာမှာထုတ်ပြန်လာသည်။

စစ်ကောင်စီက လုပ်ဆောင်နေတဲ့ Social Platformဟာ Mtube live Streaming Platform လို့ ကြေညာထားပြီး စစ်ကောင်စီဘက်ကထုတ်ပြန်သည့် သတင်းများကို Social platform အသီးသီးက ကန့်သတ်ဖြုတ်ချခြင်းများ ပြုလုပ်နေတာကြောင့် ယခုလိုကိုယ်ပိုင် platform တစ်ခုကို လုပ်ဆောင်တာဖြစ်တယ်လို့လည်း စစ်ကောင်စီခန့် ပြန်ကြားရေး ဝန်ကြီးဦးမောင်မောင်အုန်းက ပြောဆိုထားသည်။

အဆိုပါစစ်ကောင်စီ၏ Mtube platform ကို United info sec ကုမ္ပဏီက တာဝန်ယူပြီး လုပ်ဆောင်နေတာ ဖြစ်တယ်လို့လဲ သိရသည်။

အခုလို စစ်ကောင်စီက လုပ်ဆောင်နေသည့် အခြေအနေနှင့်ပတ်သတ်ပြီး နည်းပညာကျွမ်းကျင်သူ YouTube Content Creator တစ်ဦးကလဲ အခုလိုပြောပြသည်။

“သူတို့က တရုတ်ရဲ့ပုံစံကိုယူထားတာပေါ့ ကိုယ့်နိုင်ငံထဲမှာ ကိုယ်ပိုင် ဆာဗာဆောက်ချင်တာပေါ့ အောင်မြင်ဖို့က ရာခိုင်နှုန်းနည်းမယ် သူတို့က YouTube ကို ပိတ်မယ်ဆို YouTube သုံးတဲ့သူပိုများလာမှာ သူတို့ကို ကြည့်မရလို့လေ၊ နောက်တစ်ချက် ပိတ်ပြီဆိုတာနဲ့ VPN ခံကြည့်ရမှာ creator တွေရွှေဖြစ်တာပေါ့ဗျာ”ဟု ရှင်းပြသည်။

စစ်ကောင်စီအနေဖြင့် ယခုလိုလုပ်ဆောင်တာဟာ ပထမဆုံးအကြိမ်မဟုတ်ပဲ ယခင်ကလဲ MRTV appကိုလုပ်ဆောင်ခဲ့ဖူးပြီး ၂၄နာရီမပြည့်ခင်မှာတင် Google Play Store မှဖြုတ်ချခံခဲ့ရဖူးပါသေးသည်။

စစ်ကောင်စီဘက်မှ ယခုလိုမျိုးလုပ်ဆောင်နေတာဟာ စစ်အာဏာရှင်ဆန့်ရေးလှုပ်ရှားသူများ၏ Onlineအသုံးပြုပြီး Facebook၊ YouTube အခြား social platform များပေါ်မှာ ရန်ပုံငွေရှာဖွေနေခြင်းနှင့် စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုများ ဥပဒေချိုးဖောက် အကြမ်းဖက်မှုများကို ထုတ်ဖော်မှုများကနေ ထိန်းချုပ်နိုင်ဖို့လုပ်ဆောင်တာဖြစ်တယ်လို့လည်း တော်လှန်ရေးလူငယ်များက သုံးသပ်ထားသည်။