ပဋိပက္ခနှင့် မလုံခြုံမှုကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသူ ၁ဒသမ၃သန်းအထိရှိလာ

Published on Sep 01, 2022

ပဋိပက္ခနှင်မလုံခြုံမှုကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသူ ၁ဒသမ၃သန်းအထိရှိလာကြောင်း United Nations OCHA Myanmarက ယနေ့ထုတ်ပြန်ထားသည်။

စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသည့် ပဋိပက္ခနှင်မလုံခြုံမှုကြောင့် မြန်မာနိုင်ငံတဝှမ်း အိုးအိမ်စွန့်ခွာထွက် ပြေးသူ ၉၄၉၀၀၀ဦးအပါအဝင် လူဦးရေ ၁ဒသမ၃သန်းနီးပါး နေရပ်စွန့်ခွာတိမ်းရှောင်နေရကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တိုအကြား တင်းမာမှုမြင့်တက်လာခြင်းကြောင့် မောင်တော ရသေ့တောင်နှင့် မြောက်ဦးမြို့နယ်များတွင် တိုက်ပွဲများပိုမိုပြင်းထန်လာပြီး ချင်းပြည်နယ် ပလက်ဝမြို့တွင်လည်း ယခုနှစ် သြဂုတ်လဆန်းပိုင်းကစတင်ကာ တိုက်ပွဲများမကြာခဏ ဖြစ်ပွားလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ဒေသခံပြည်သူများစွာသည် တောတောင်များ ဆွေမျိုးမိတ်ဆွေအိမ်များနှင့် ဘေးကင်းလုံခြုံသည့်နေရာများသို့ ရွှေ့ပြောင်းနေထိုင်နေရကြောင်း ဒေသခံနှင့် မိတ်ဖက်အဖွဲများအနေဖြင့် နေရပ်စွန့်ခွာတိမ်းရှောင်သူများကို လိုအပ်သည့် အကူအညီများပေးအပ်နိုင်ရန် ခက်ခဲနေကြောင်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီက နယ်မြေအများအပြားတွင် လုံခြုံရေးတင်းကျပ်ထားပြီး ရေလမ်း ကုန်းလမ်းအပါအဝင် ဆေဝါးပစ္စည်းထောက်ပံ့မှု စားနပ်ရိက္ခာနှင့် လူသားချင်းစာနာမှု ထောက်ပံ့ရေးပစ္စည်း သယ်ယူပိူဆောင်ရေးကိုလည်း ကန့်သတ်ထားသည်ဟု UNOCHA Myanmarက ဆိုသည်။