မူဆယ်တွင် စက်သုံးဆီ တစ်လီတာကို ရှစ်ထောင်ပေး၍ ဝယ်သုံးနေရ

Author အောင်နိူင်သူ
Categories
Published on Aug 30, 2022

မူဆယ်မြို့နယ်ရှိ  ဆီဆိုင်ကြီးများတွင် စက်သုံးဆီဝယ်မရ၍ ပြင်ပ၌ တစ်လီတာကိုရှစ်ထောင်ကျပ်ပေး၍ ဝယ်ယူနေရသည်ဟု မြိုခံတွေဆီက သိရသည်။

မူဆယ်မြို့နယ်ရှိ  စက်သုံးဆီဆိုင်ကြီးများတွင် မှောင်ခိုရောင်းသူများက  ကားများဖြင့် စက်သုံးဆီကို သွားထုတ်ကာ ပြင်ပစျေးကွက်၌ မှောင်ခိုပြန်ရောင်းနေ၍ စျေးနှုန်းမြင့်တက်နေတာဖြစ်သည်ဟု မြိုခံတစ်ဦးက ပြောသည်။

“ဗူးနဲ့သွားဝယ်တဲ့သူကို မရောင်းဘူး ကားတွေက လာထုတ်ပြီးရင် ပြင်ပမှာ ပြန်ရောင်းတော့ စျေးတွေတအားဖြစ်နေတယ် 92 တစ်လီတာကို ရှစ်ထောင်အထိဖြစ်နေတယ်”ဟုပြောသည်။

စက်သုံးဆီဆိုင်များတွင် 92 ဆီ တစ်လီတာလျှင် သုံးထောင်ရှိကာ ဆိုင်ကယ်တစ်စီးလျှင် ငါးထောင်ကျပ်ဖြင့်ရောင်းချပြီး ကားတစ်စီးလျှင် သုံးသောင်းကျပ်ဖြင့် ရောင်းချသည်ဟု ကုန်တင်ကားသမားတစ်ဦးက ပြောသည်။

လက်ရှိအခြေအနေတွင် စက်သုံးဆီဆိုင်ကြီးများမှ ဆီဝယ်မရသူများသည် အပြင်မှောင်ခိုစျေးကွက်တွင် 92 တစ်လီတာကို ရှစ်ထောင်ကျပ်ဖြင့် ဝယ်သုံးနေရသည်ဟု မြိုခံတွေဆီက သိရသည်။

စက်သုံးဆီသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ၏ ယနေ့ထုတ်ပြန်သည့် စျေးနှုန်များအရရန်ကုန်တွင် 92 တစ်လီတာ ၂၅၇၀ ကျပ် မန္တလေးတွင် ၂၆၁၅ ကျပ်၊နေ ပြည်တော်တွင် ၂၆၁၀ကျပ်နှင့် မူဆယ်တွင်၃၀၀၀  ကျပ်ရှိသည်ဟု သိရသည်။