အမေရိကန်ရောက် ချင်းအသင်းတော် အဖွဲ့အစည်းက ကချင် အနန့်ပါအတွက် ဒေါ်လာ တစ်သိန်း လှူဒါန်း

Author လင်းခိုင်
Categories
Published on Dec 17, 2022

 

အမေရိကန်ရောက် ချင်းအသင်းတော် ဘာသာရေး အဖွဲ့အစည်း(CBC-USA) က ကချင်ပြည်နယ်၊ အနန့်ပါအတွက် အမေရိကန် ဒေါ်လာ တစ်သိန်းကို ဒီဇင်ဘာ ၁၆ ရက်တွင် လှူဒါန်းခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာ ၂၃ ရက်က စစ်ကောင်စီသည် ဖားကန့်မြို့နယ်၊ အနန့်ပါရွာကို ဂျက်လေယာဉ်ဖြင့် တိုက်ခိုက်မှုကြောင့် ထိခိုက်ခဲ့သူများအတွက် ယင်းကဲ့သို့ ဒေါ်လာတစ်သိန်းလှူဒါန်းခဲ့ခြင်းဖြစ်သည်။

ယခုလှူဒါန်မှူးကို ကချင်နှစ်ခြင်းအသင်းတော်က ကိုယ်စားလက်ခံခဲ့ကြောင်းသိရသည်။

၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၃ ရက် ညတွင် စစ်ကောင်စီသည် ဖားကန့်မြို့၊ အနန့်ပါဒေသ၌ ပြုလုပ်နေသည့် ဖျော်ဖြေပွဲကို ဂျက်လေယာဉ်ဖြင့်တိုက်ခိုက်ခဲ့မှုကြောင့် KIA မှ အရာရှိများနှင့် ဂီတဖျော်ဖြေသူများအပါအ၀င် အရပ်သား ၈၀ ထက်မနည်း သေဆုံးခဲ့ကာ ပြည်သူများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ အရပ်သားပြည်သူများအပေါ် စစ်ကောင်စီက ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည့် အတွက် အမေရိကန်နှင့် ဥရောပသမဂ္ဂနိုင်ငံများက စစ်ကောင်စီကို ရှုတ်ချကန့်ကွက်မှုများပြုလုပ်ခဲ့သည်။

အကြမ်းဖက် စစ်ကောင်စီတပ်များသည် စစ်ရေးပစ်မှတ်၊ အရပ်သားပစ်မှတ်များကို ခွဲခြားမှုများမပြုလုပ်ပဲ လေကြောင်းအသုံးပြုကာ တိုက်ခိုက်မှုများကြောင့် ပြည်သူအများအပြားသေဆုံးလျက်ရှိပြီး လူ ၈၀ နီးပါးသေဆုံးခဲ့သည့် အနန့်ပါဖြစ်စဉ်နှင့် ၊ ဒီပဲယင်းမြို့၊ လက်ယပ်ကုန်းရွာ စာသင်ကျောင်းကို တိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအ၀င် လူ ၁၃ ဦးသေဆုံးခဲ့သည်ဖြစ်စဉ်များသည် လူသိအများဆုံး စစ်ကောင်စီ၏ ရက်စက်မှုများဖြစ်သည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ကချင်ပြည်နယ် #အနန့်ပါ #ဖားကန့် #ချင်းအသင်းတော်