ဖွံ့ဖြိုးရေးဆိုင်ရာထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီအား ဖိတ်ကြားထားမှု ဆွစ်ဇာလန် ပြန်လည်ပယ်ဖျက်

Author လင်းခိုင်
Categories
Published on Dec 09, 2022

ဖွံ့ဖြိုးရေးဆိုင်ရာ ထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီအား ဖိတ်ကြားထားမှု ဆွစ်ဇာလန်အစိုးရက ပြန်လည် ပယ်ဖျက်ခဲ့ကြောင်း သိရသည်။

Global Partnership For Effective Development C0-operation(GPEDC) ထိပ်သီးအစည်းအဝေးကို ဆွစ်ဇာလန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီသည် ဂျီနီဗာရှိ စစ်ကောင်စီက သိမ်းပိုက်ထားသည့် ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းမစ်ရှင်ဆီသို့ ဖိတ်ကြားစာပေးပို့ခဲ့ပြီးနောက် Justic For Myanmar နှင့် အခြားအရပ်ဘက်အဖွဲ့အစည်းများက ဖိတ်ကြာထားမှုကို ပယ်ဖျက်ပေးရန် တောင်းဆိုခဲ့ပြီးနောက် ဆွစ်ဇာလန်အစိုးရက ယခုကဲ့သို့လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ထိပ်သီးအစည်းအဝေးကို စစ်ကောင်စီ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်ဆံရေး ဒုတိယ၀န်ကြီး ဒေါက်တာဝါဝါမောင်က ဂျီနီဗာရှိ စစ်အုပ်စုကိုယ်စားလျယ်များနှင့် အတူ အွန်လိုင်းမှ တက်ရောက်ရန် စီစဉ်ခဲ့သော်လည်း လက်ရှိ တွင် အငြင်းခံရမှုကြောင့် တက်ရောက်ခွင့်ရရှိတော့မည်မဟုတ်ကြောင်းသိရသည်။

ယင်းအစည်းအဝေးကို မြန်မာပြည်သူများ ကိုယ်စားပြုခွင့်အာဏာရရှိထားသည့် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို ဖိတ်ကြားရန် Justic For Myanmar နှင့် အခြားအရပ်ဘက်အဖွဲ့အစည်းများက တောင်းဆိုထားသော်လည်း ဆွတ်ဇာလန်အစိုးရအနေဖြင့် မြန်မာနိုင်ငံက ကိုယ်စားလှယ်အားလုံးကို အစည်းအဝေးသို့ဖိတ်ကြားခြင်းမပြုရန် ဆုံးဖြတ်ခဲ့ကြောင်း Justic For Myanmar ၏ ထုတ်ပြန်ချက်အရသိရသည်။

“ထိရောက်သောဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးကနေ တရားမ၀င် စစ်အုပ်စုကို ဖယ်ထုတ်ဖို့ ဆွတ်ဇာလန်အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုပါတယ်။ ပူးပေါင်းဆောင်ရွက်မှုနဲ့ အမှန်တကယ် ရပ်တည်နိုင်ဖို့ အဆိုပါ ထိပ်သီးအစည်းအဝေးအနေနဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို ဖိတ်ကြားသင့်ပြီး၊ အမျိုးသားညီညွတ်ရေးအစိုးရကို အရေးတကြီး ဦးစားပေးအနေနဲ့ အသိအမှတ်ပြုပြီး ညှိနှိုင်းဆောင်ရွက်သင့်ပါတယ်” ဟု Justic For Myanmar ၏ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောကြားသည်။

GPEDC ၏ ပူးတွဲပံ့ပိုးမှုအဖွဲ့ တစ်စိတ်တစ်ပိုင်းဖြစ်သည့် ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် အပါအ၀င် ကုလသမဂ္ဂအေဂျင်စီများအနေဖြင့် UNGA ၏ မြန်မာနိုင်ငံကိုယ်စားပြုမှုဆိုင်ရာ ရပ်တည်ချက်များကို လိ်ုက်နာရန်လိုကြောင်း၊ အထွေထွေညီလာခံသည် တရားမ၀င်စစ်အုပ်စုကို မြန်မာနိုင်ငံအစိုးရအဖြစ် အသိအမှတ်မပြုဘဲ ထိန်းသိမ်းခံထားရသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ သမ္မတ ဦး၀င်းမြင့်ကို ဆက်လက်အသိအမှတ်ပြုထားကြောင့် ထို့ကြောင့် မြန်မာပြည်သူများကို ကိုယ်စားပြုသည့် ဦးကျော်မိုးထွန်းကို ဖိတ်ကြားရမည်ဖြစ်ကြောင်း Justic For Myanmar ကဆိုသည်။