ဒေသခံများ စပါးရိတ်သိမ်းရာတွင် PRFရဲဘော်များ လုပ်အားပေးကူညီ

Author ခေတ်နီ
Categories
Published on Nov 29, 2022

 

စစ်ကိုင်းတိုင်း မင်းဘူးမြို့နယ်အတွင်း ဒေသခံများ စပါးရိတ်သိမ်းရာတွင် ကူညီရိတ်သိမ်းပေးခဲ့ကြောင်း ပြည်သူ့တော်လှန်ရေးတပ်ဦး PRFမှထုတ်ပြန်ထားသည်။

ပြည်သူ့တော်လှန်ရေးတပ်ဦး PRFသည် မင်းဘူးစစ်ဒေသအတွင်း စစ်ကောင်စီတပ်၏
ထိုးစစ်များကြောင့် စစ်ဘေးရှောင်နေရသည့် ဒေသခံများအနေဖြင့် လယ်ယာထွန်ယက်စိုက်ပျိုးရာတွင် စက်ကိရိယာလုံလောက်မှုမရှိခြင်း၊ အလုပ်သမားရှားပါး

ခြင်း စသည့် အခက်အခဲများကြောင့် လုပ်ငန်းကြန့်ကြာလျက်ရှိနေပြီး ထိုသို့ ဒေသခံများကြုံတွေ့နေရသော အခက်အခဲများကို လျော့ပါးသက်သာစေရန် PRFရဲဘော်များမှ စပါးရိတ်သိမ်းချိန်တွင် ကူညီဆောင်ရွက်ပေးခဲ့တာပဲဖြစ်သည်။

“ရွာသားတွေက အကူအညီလာတောင်းကြတာရယ် လုပ်အားကူပေးလို့ရမလားဆိုပြီးမေးတော့ ရွာကိုမှီပြီးနေရတော့ ရွာကိုပြန်အကူအညီပေးတာပါပဲ”ဟု PRFရဲဘော်တစ်ဦးမှ ဆိုသည်။

ထို့အတူ ပြီးခဲ့သည့်နိုဝင်ဘာလ ၁၅ ရက်ကလဲ စစ်ကောင်စီတပ်မှမီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်ပျက်စီးခဲ့ရသည့် ဒေသခံများကို ငွေသားနှင့် စားနပ်ရိက္ခာများထောက်ပံ့မှုများလုပ်ဆောင်ခဲ့ပါသေးသည်။

အကြမ်းဖက် စစ်ကောင်စီသည် အညာဒေသတွင် ကျေးရွာများ မီးရှို့ဖျက်ဆီးမှုများကို ဆက်တိုက် လုပ်ဆောင်နေသည့် အပြင် ဒေသခံလယ်သမားများ စိုက်ပျိုးထားသည့် လယ်ယာများကို ရိတ်သိမ်းခြွေလှေ့စက်များဖြင့် အတင်းဝင်ရောက်ကာ တပ်ရိက္ခာအဖြစ် လုယက် သိမ်းဆည်းနေလျှက်ရှိသည်။

ဓာတ်ပုံ- PRF
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #စစ်ကိုင်းတိုင်း #မင်းဘူးမြို့နယ် #စပါး