PDF gameကစားသူများအား အရေးယူမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်

Author ခေတ်နီ
Categories
Published on Nov 29, 2022

 

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ထောက်ပံ့နိုင်ရန် ရည်ရွယ်ဖန်တီးထားသည့် PDF gameများအား ဆော့ကစားနေသူများအား ဥပဒေအရ အရေးယူမည်ဟု ဥပဒေမဲ့ အာဏာလုယူထားသည့် စစ်ကောင်စီမှ ၎င်း၏ ဝါဒဖြန့် မီဒီယာများမှ တဆင့် ထုတ်ပြန်ကြေညာထားသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်များကို လက်နက်ကိုင် တိုက်ခိုက်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်များကို ငွေကြေးအရ ထောက်ပံ့ပေးနိုင်ရန် တော်လှန်ရေးလူငယ်များမှ ဖန်တီးထားသည့် PDF Gameများကို ကစားသူများသည် အကြမ်းဖက်မှုများကိုထောက်ပံ့နေခြင်း ဖြစ်တာကြောင့် အရေးယူခံရနိုင်ကြောင်း စစ်ကောင်စီဘက်က ဆိုထားသည်။

အဆိုပါ PDF Gameများသည် လူငယ်များအနေဖြင့် စစ်ကောင်စီတပ်အပေါ် အထင်အမြင်လွဲမှားစေဖို့နှင့် တော်လှန်လိုစိတ်ရှိလာစေဖို့ ရည်ရွယ်ပြီး ဖန်တီးထားတာဖြစ်တယ်လို့လည်း စစ်ကောင်စီဖက်က စွပ်စွဲပြောဆိုထားသည်။

“ဒါတွေက သူတို့စွဲရင်အကြမ်းဖက်ဥပဒေ ၊ဆက်သွယ်ရေးဥပဒေတွေနဲ့ပဲ စွဲလို့ရမယ် ပုဒ်မတွေကတော့ အခြေနေပေါ်မူတည်ပြီး သူတို့တပ်ချင်သလိုတပ်နိုင်တယ် အနည်းဆုံး ၅နှစ်အောက်ပြေးမလွတ်တဲ့ ပုဒ်မတွေတပ်နိုင်တယ်၊ တစ်ခုပဲ သူတို့ ခေါင်းမရှိတာက အဲ့ဒီ Game တွေကို သူတို့ရှေ့မှာ ဘယ်သူက ထိုင်ဆော့ပြနေမှာမို့လဲ”ဟု တရားလွှတ်တော်ရှေ့နေ တစ်ဦးမှ CJ Platform ကို မှတ်ချက်ပြု ပြောကြားသည်။

အကြမ်းဖက် စစ်ကောင်စီသည် တော်လှန်ရေးအင်အားစုများ၏ ဝင်ငွေစီးဆင်းမှုများအား ဖြတ်တောက်နိုင်ရန်အတွက် မိုဘိုင်းငွေကြေးလွှဲပြောင်းခြင်းများကို စောင့်ကြည့် ပိတ်ပင်နေခဲ့သော်လည်း အောင်မြင်မှုများ မရှိခဲ့ပေ။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #PDF #Game