စစ်ကောင်စီ အင်အား ၁၀၀ ကျော်ခန့်ရှိ ပင်၀ယ်ရွာထိပ်အနီး ကားဆရာတစ်ဦး ဓားပြတိုက်ခံရ

Author လင်းခိုင်
Categories
Published on Nov 25, 2022

အကြမ်းဖက်စစ်ကောင်စီ အင်အား ၁၀၀ ကျော်ခန့်ရှိသည့် ပင်၀ယ်ရွာထိပ်အနီး ကားဆရာတစ်ဦး ဓားပြတိုက်ခံရကြောင်း Indaw Revolution က ယနေ့ထုတ်ပြန်ထားသည်။

ယနေ့ (နို၀င်ဘာ ၂၅ ရက်) ညနေ ၄နာရီခွဲခန့်တွင် စစ်ကောင်စီအင်အား ၁၀၀ ကျော်ခန့်ရောက်ရှိနေသည့် စစ်ကိုင်းတိုင်း၊ အင်းတော်မြို့၊ ပင်၀ယ်ရွာထိပ် အကွေ့နားတွင် ဆီကားမောင်းသည့် ကားဆရာတစ်ဦး ပိုက်ဆံ ၃၅ သိန်းနှင့် ဖုန်းတစ်လုံး ဓားပြတိုက်ခံခဲ့ရခြင်း ဖြစ်သည်။

ဓားပြတိုက်ခံရသူများ၏ ပြောကြားချက်အရ အရပ်၀တ်နှင့် ၁၀ ဦးခန့်သည် ကားကိုစစ်ဆေးမည့်ပုံစံဖြင့် ပိုက်ဆံနှင့် ဖုန်းကို ယူဆောင်သွားကြောင်း၊ ဓားပြတိုက်သူတစ်ဦး၏ မျက်ခုံးတွင် ဒဏ်ရာရရှိထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် နို၀င်ဘာ ၁၁ ရက်တွင်လည်း စစ်ကောင်စီတပ်များ ကင်းပုန်း၀ပ်နေသည့် နဘား-ကသာကြားတွင် အမျိုးသမီးတစ်ဦး ပိုက်ဆံ ၁၀သိန်း တန်ဖိုးရှိ ပစ္စည်းများ ဓားပြတိုက်ခံခဲ့ရသေးသည်။

စစ်ကောင်စီတပ်များ ရောက်ရှိနေသည့် နေရာများတွင် မကြာခဏ ဓားပြမှုများဖြစ်ပေါ်နေသည့်အတွက် ပြည်သူများ သတိဖြင့် သွားလာရန်နှင့် စစ်ကောင်စီတပ်များ၏ လှုပ်ရှားမှုများကို စဉ်ဆက်မပြတ် နားစွင့်ထားရန်၊ အရပ်၀တ်ဖြင့်စစ်ဆေးမည်ဆိုပါကလည်း မရပ်ပေးရန် Indaw Revolution က အသိပေးထားသည်။

နို၀င်ဘာ ၂၄ ရက် နေ့လည်ပိုင်းတွင်လည်း စစ်ကောင်စီတပ်များသည် အောက်တောရွာမှ ပြည်သူနေအိမ်နှစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယနေ့ ညနေပိုင်းတွင်လည်း အင်းတော်ရဲစခန်းမှ ကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့်၊ နားနောင်ရွာထိပ်၊ ကျော်ရွာရွာထိပ်၊ လင်ပြင်ရွာထိပ်တို့တွင် ပေါက်ကွဲခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- CJ
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #အင်းတော်မြို့ #ဓားပြတိုက်ခံရ #ဆိုက်ကားဆရာ