စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီး နှုတ်ပိတ်ခံရသည့် အမျိုးသမီးနှင့် မိန်းကလေးငယ် အယောက် ၃၀၀ ကျော်ရှိပြီး ကျောင်းမနေရသည့် ကလေးငယ်များပါ၀င်

Author မွန်လေး
Categories
Published on Nov 25, 2022

စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီး နှုတ်ပိတ်သတ်ဖြတ်ခံရသည့် အမျိုးသမီးနှင့် မိန်းကလေးငယ် အယောက်၃၀၀ ကျော်ရှိပြီး ကျောင်းမနေရသည့် ကလေးငယ်များ ပါ၀င်ကြောင်း Free Expression Myanmar က ယနေ့တွင် ထုတ်ပြန်ထားသည်။

ယနေ့(နို၀င်ဘာ ၂၅) တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ တွင် အာဏာသိမ်းမှုကြောင့် နှုတ်ပိတ်သတ်ဖြတ်ခံခဲ့ရသည့် အမျိုးသမီးနှင့် မိန်းကလေး အယောက် ၃၀၀ ကျော်အတွက် အောက်မေ့သတိရ မှတ်တမ်းတင်ကြောင်း ထုတ်ပြန်ထားသည်။

စစ်တပ်၏ အကြမ်းဖက် သတ်ဖြတ်မှုကို ခံရသော အမျိုးသမီးများတွင် ကျောင်းသူများ၊ ဆန္ဒပြသူများ၊ ဆရာမများ၊ သူနာပြုများ၊ ပြည်သူ့၀န်ထမ်းများ၊ သီလရှင်များ၊ အရပ်ဘက်အဖွဲ့အစည်း၀န်ထမ်းများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများ၊ခုခံတော်လှန်ရေးသမား များနှင့် အလုပ်သမားများပါ၀င်သည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #အမျိုးသမီး #အကြမ်းဖက်မှု