ဂွစျေးအနီး ပေါက်ကွဲမှုဖြစ်စဉ်တွင် အမျိုးသားတစ်ဦး အသက်ဆုံးပါးခဲ့ပြီး အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ

Author ကိုပေါက်
Categories
Published on Nov 24, 2022

 

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်၊ ဗဟိုလမ်း ဂွစျေးအနီးရှိ မြိတ်ကတ်ကြေးကိုက်ဆိုင်တွင် ယမန်နေ့ည ၇ နာရီ ၃၀မိနစ်ခန့်တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားကာ အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး ဆိုင်ရှင်အမျိုးသမီးကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည်ဟု ရပ်ကွက်နေသူတွေဆီက သိရသည်။

စမ်းချောင်းမြို့နယ် ကျွန်းတောမြောက်ရပ်ကွက်၊ ဗဟိုလမ်း၊ ဂွစျေးအနီး ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး ဆိုင်ရှင်၏တူဖြစ်သူ ဝမ်းဗိုက်ပွင့် ခြေနှစ်ထိခိုက်ပြီး သေဆုံးသွားပြီးနောက် ဆိုင်ရှင်ဖြစ်သူကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာဖြစ်သည်ဟု ရပ်ကွက်နေသူတစ်ဦးက CJ Platform ကိုပြောသည်။

“ပေါက်ကွဲမှုဖြစ်ပြီး စကစ တွေရောက်လာတော့ ကပ်ကြေးကိုက်ဆိုင်ကိုမေးတယ်၊ ဟိုကလည်း ဂတ်စ်အိုးပေါက်တာလို့ ပြောတယ်။ ဂတ်စ်အိုးပေါက်ရင် ပေါက်တဲ့ ဂတ်စ်အိုးဘယ်မှာလဲ မေးပြီး စစ်ဆေးမယ် လိုက်ခဲ့ဆိုပြီး ညတည်းက ခေါ်သွားတယ်။” ဟု ပြောသည်။

ပေါက်ကွဲမှု့ဖြစ်စဥ်မှာ အမက (၃) ကျောင်းရှေ့ အုတ်နံရံအနီးဖွင့်ထားသည့် မြိတ်ကပ်ကြေးကိုက်ဆိုင်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ဆိုင်ရှင်၏တူဖြစ်သူ အသက် ၃၈ နှစ်ရှိ ကိုအောင်ဇော်ဦး သေဆုံးခဲ့တာဖြစ်သည်ဟု ရပ်မိရပ်ဖတစ်ဦးက CJ Platform ကိုပြောသည်။

စစ်ကောင်စီတပ်များက ဆိုင်ရှင်အမျိုးသမီးကို ဖမ်းဆီးပြီးနောက် ကျွန်းတောမြောက်ရပ်ကွက်အတွင်း စစ်ဆေးမှုအချို့ကို ပြုလုပ်ခဲ့သည်ဟု ရပ်ကွက်နေသူတွေဆီက သိရသည်။
ဓာတ်ပုံ- CJ
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ရန်ကုန်မြို့ #စမ်းချောင်းမြို့နယ် #ပေါက်ကွဲမှု #တစ်ဦးသေ