နိုင်ငံတကာ အနေဖြင့် NUG ၊ တော်လှန်ရေးအဖွဲ့အစည်းများနှင့် တော်လှန်ရေးကို ပံ့ပိုးမှုများ ပိုမိုပြုလုပ် နိုင်ပါက မြန်မာနိုင်ငံ အနာဂတ် ပိုမိုကောင်းမွန်နိုင်ကြောင်း SAC-M ဖော်ပြ

Author လင်းခိုင်
Categories
Published on Nov 16, 2022

 

နိုင်ငံတကာ အသိုက်အ၀န်းအနေဖြင့် NUG၊ တော်လှန်ရေးအဖွဲ့အစည်းများနှင့် တော်လှန်ရေးကို ပံ့ပိုးမှုများ ပိုမိုပြုလုပ်နိုင်ပါက မြန်မာနိုင်ငံ အနာဂတ် ပိုမိုကောင်းမွန်နိုင်ကြောင်း Special Advisory Council for Myanmar ၏ မြန်မာနိုင်ငံအတွင်း ထိရောက်သော ထိန်းချုပ်မှု အနှစ်ချုပ်စာတမ်းတွင် ဖော်ပြထားသည်။

စာတမ်းတွင် နိုင်ငံခြားအစိုးရများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ အခြားအဖွဲ့အစည်းများအနေဖြင့် စစ်အုပ်စုအား မြန်မာနိုင်ငံအတွင်း ထိရောက်သောထိန်းချုပ်မှုရှိနေသည် သို့မဟုတ် တရား၀င်အာဏာပိုင်ဖြစ်သည်ဟူသော ယူဆချက်ဖြင့် ဆက်ဆံမှု မပြုလုပ်သင့်ကြောင်း ရေးသားထားသည်။

ထို့ပြင် အာဆီယံနှင့် ကုလသမဂ္ဂအဖွဲ့များ၏ ချဉ်းကပ်မှုနည်းလမ်းဖြစ်သော မြန်မာပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု အထောက်အပံံ့များ ပေးရာတွင် စစ်အုပ်စုအား အဓိကအဖွဲ့အဖြစ် လုပ်ဆောင်စေရန် အကြောင်းအရင်းမရှိကြောင်း၊ ဒေသတွင်းအကူအညီများအတွက် စစ်အုပ်စုအပေါ်မှီခိုခြင်းသည် ထိုအကူအညီများကို အသုံးချပြီး ယင်းတို့ ဖန်တီးထားသည့် လူသားချင်းစာနာမှု ကပ်ဘေးအား ပိုမိုဆိုးရွားနိုင်စေသည်ဟု စာတမ်းတွင် ထည့်သွင်းထားသည်။

ယင်းအပြင် စစ်အုပ်စုထက် တော်လှန်ရေးအဖွဲ့များသည် မြန်မာနိုင်ငံ၏ ပိုမိုများပြားသည့် နယ်မြေများကို ထိန်းချုပ်မှု ပြုထားပြီး တော်လှန်ရေးအဖွဲ့အစည်းများသည် ယင်းတို့ အုပ်ချုပ်သည့် လူဦးရေ အများစုအပေါ် ကိုယ်စားပြုသည့် အာဏာပိုင်အဖွဲ့ဖြစ်ကြောင်း စစ်တမ်းတွင် ဆိုထားသည်။

ဆက်လက်ပြီး ခုခံတော်လှန်ရေးအဖွဲ့များသည် ယင်းတို့အုပ်ချုပ်ရာဒေသတွင် တရား၀င်အာဏာပိုင်အဖြစ် အသိအမှတ်ပြုခံရသည့်အတွက် နိုင်ငံတကာ မှ ကပ်ဘေးအတွက် တုန့်ပြန်ရာတွင် အဓိကထားသင့်သည့်အချက်ဖြစ်သည်ဟု စစ်တမ်းတွင် ဆိုထားသည်။

နိုင်ငံတကာ အဖွဲ့အစည်းအနေဖြင့် မြန်မာနိုင်ငံအတွင်း စစ်မှန်သော ပြောင်းလဲမှုအား မြန်မာပြည်သူများ၏ တွန်းအားဖြင့် လုပ်ဆောင်နေသည်ကို အသိအမှတ်ပြုရမည်ဖြစ်ပြီး စစ်အုပ်စုမှ ဖျက်စီးမှုများ ပြုလုပ်နေသည့်အချိန်တွင် တော်လှန်ရေးက မြန်မာနိုင်ငံကို တည်ဆောက်နေသည်ဟု ဖော်ပြထားသည်။

ထို့ကြောင့် နိုင်ငံတကာ အသိုက်အ၀န်းအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊တော်လှန်ရေးအဖွဲ့အစည်းများနှင့် တော်လှန်ရေးအား ယခုအချိန်တွင် ပံ့ပိုးမှုများ ပိုမိုပြုလုပ်ပေးနိုင်ပါက မြန်မာနိုင်ငံ၏ အနာဂတ်အတွက် ပိုမိုကောင်းမွန်သော အလားအလာကို ဖန်တီးပေးနိုင်မည်ဟု စစ်တမ်းတွင် ရေးသားထားသည်။

ဓာတ်ပုံ- MOD

Telegram Link: https://t.me/cjplatform

YouTube Link: https://www.youtube.com/@cjplatform

Twitter Link: https://twitter.com/CjPlatform

#CjPlatform #NUG #နွေဦးတော်လှန်ရေး