ပခုက္ကူမြို့နယ်တွင် ဗိုလ်မှူးတစ်ဦး၏ ဇနီးဖြစ်သူကို အမည်မသိအဖွဲ့မှ ဖမ်းသွား၍ စစ်ကောင်စီတပ် လိုက်လံရှာဖွေနေ

Author ကိုပေါက်
Categories
Published on Nov 10, 2022

ပခုက္ကူမြို့နယ် ၁ ရပ်ကွက်တွင် အောင်ဆင်မင်း လက်ဖက် အကြော်မျိုးစုံနှင့် စားသောက်ကုန်လုပ်ငန်း၏ ပိုင်ရှင် ဗိုလ်မှူးသူရိန်ထွန်း၏ ဇနီးဖြစ်သူကို ယနေ့ နံနက် ၈နာရီခန့်တွင် အမည်မသိအဖွဲ့တစ်ခုမှ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံများထံမှ သိရသည်။

ဖမ်းဆီးခံရသူမှာ ပခုက္ကူမြို့နယ်တွင် နာမည်ကြီး တပ်ထောက်ခံသူတစ်ဦးဖြစ်သည့် ဒေါ်ဝတုတ်၏ သမီး၊ ဗိုလ်မှူးသူရိန်ထွန်း၏ဇနီး ဒေါ်ဟန်နွေဦး ဖြစ်သည်ဟု မြို့ခံတစ်ဦးက CJ PLATFORM ကိုပြောသည်။

“မိန်းမတစ်ယောက် ယောက်ကျ်ားလေးနှစ်ယောက်လာခေါ်သွားတာ ဆိုင်ဖွင့်နေတဲ့အချိန် ၊သူယောင်္ကျားက DSA 47 ကျောင်းဆင်း ဗိုလ်မှူးလေ အခု သူအမေက စစ်တပ်ကို အကြောင်းကြားပြီးရှာနေတယ်”ဟု ပြောသည်။

အခင်းဖြစ်စဉ်အပြီးတွင် အောင်ဆင်မင်း လက်ဖက်နှင့် အကြော်မျိုးစုံဆိုင်ကို ပိတ်ထားကာ စစ်ကောင်စီတပ်မှ လုံခြုံရေးများ ချထားသည်ဟု သိရသည်။

လက်ရှိအခြေအနေတွင် စစ်ကောင်စီတပ်က မိသားစုဝင်များနှင့် တွေ့ဆုံကာ ပခုက္ကူမြို့ပေါ်တစ်ဝိုက် စစ်ဆေးမှုတွေ
ပြုလုပ်နေသည်ဟု မြို့ခံတွေဆီက သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၂ ရက်ကလည်း မုံရွာမှ ကျောမြို့သို့ သွားရောက်သည့် စစ်ကောင်စီတပ်မှ ဒုဗိုလ်မှူးကြီး
၏ ဇနီးဖြစ်သူကို ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည့် ဖြစ်စဥ်လည်းရှိသည်။
ဓာတ်ပုံ- ပေးပို့
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CJPLATFORM #ပခုက္ကူမြို့ #ဒေါ်ဟန်နွေဦး #ဖမ်းဆီးခံရ