ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တရုတ်ကို သားဖြစ်သူ အကူအညီတောင်း

Author CJ Platform
Categories
Published on Oct 03, 2025

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ ကင်မ်အဲရစ်က သူ့မိခင်ကို လွှတ်ပေးရန် မြန်မာစစ်အုပ်စုကို တိုက်တွန်းပေးဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို တောင်းဆိုခဲ့တယ်လို့ ဟောင်ကောင်အခြေစိုက် South China Morning Post (SCMP) သတင်းဌာနက ဖော်ပြပါတယ်။

 

“ကျွန်တော် တရုတ်သမ္မတ ရှီကျင့်ဖျင်ကို တောင်းဆိုချင်တာကတော့ ကျွန်တော့်အမေကို လွှတ်ပေးဖို့နဲ့ စစ်ကောင်စီအပေါ် ပိုပြီး ဖိအားပေးဖို့ပါပဲ။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ နှစ်ရှည်လများ ဆက်ဆံရေးနဲ့ ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကြောင့် နိုင်ငံခြားတိုင်းပြည်တွေထဲမှာ ဩဇာအရှိဆုံးဖြစ်ပါတယ်” လို့ ကင်မ်အဲရစ်က ပြောပါတယ်။

 

သူ့မိခင်နဲ့ NLD အစိုးရလက်ထက်မှာ တရုတ်နိုင်ငံနဲ့ ကောင်းမွန်ပြီး အကျိုးဖြစ်ထွန်းတဲ့ လုပ်ငန်းဆက်ဆံရေး ရှိခဲ့တယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံရဲ့ ဘီလျံနဲ့ချီတဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ တည်ငြိမ်တဲ့ အစိုးရလက်အောက်မှာမှ အသီးအပွင့်မြင်ရမှာဖြစ်ပြီး၊ လက်ရှိ စစ်အုပ်စုရဲ့ မတည်ငြိမ်မှုတွေကြောင့် တရုတ်နိုင်ငံအတွက်ပါ စိန်ခေါ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ သူက ထောက်ပြခဲ့ပါတယ်။

 

“ကျွန်တော့် သတင်းရင်းမြစ်တွေအရ တရုတ်က မေမေ့ကို လွှတ်ပေးဖို့ တောင်းဆိုနေပါတယ်။ တရုတ်အရာရှိတွေက တခြားသူတွေလိုပဲ သူ့ကို တွေ့ချင်ကြပြီး တွေ့ခွင့်ရဖို့ တောင်းဆိုနေကြတယ်လို့ ကျွန်တော် ယုံကြည်တယ်” လို့လည်း ကင်မ်အဲရစ်က ဆိုပါတယ်။

 

ကင်မ်အဲရစ်က မည်သူမဆို ဒေါ်အောင်ဆန်းစုကြည်ကို သွားတွေ့ကြည့်ရန် ဖိတ်ခေါ်ခဲ့ပြီး “ဒါမှ အနည်းဆုံးတော့ သူ အသက်ရှင်နေသေးတယ်ဆိုတာ တစ်ယောက်ယောက်က အတည်ပြုနိုင်မှာပါ” လို့ ပြောပါတယ်။

 

“ကျွန်တော့်အမေ အကျဉ်းထောင်ထဲမှာပဲ ဆုံးပါးသွားမလားဆိုတာကို အမြဲတမ်း စိုးရိမ်နေရပါတယ်။ အကျဉ်းထောင်ထဲက အခြေအနေတွေက ကြောက်စရာကောင်းလွန်းပါတယ်” လို့ ကင်မ်အဲရစ်က ဆိုပါတယ်။

 

စစ်ကော်မရှင် ထိန်းချုပ်မှုအောက်မှာ ဖြစ်ပေါ်နေတဲ့ တရားမဝင် ရာဇဝတ်မှုတွေ၊ အထူးသဖြင့် တရုတ်နိုင်ငံသားတွေကိုပါ လူကုန်ကူးပြီး ကျွန်အဖြစ်စေခိုင်းနေတဲ့ Scam Centre တွေဟာ တရုတ်နိုင်ငံရဲ့ တည်ငြိမ်ရေးနဲ့ သာယာဝပြောရေးကိုပါ ထိခိုက်နေတယ်လို့ ကင်မ်က ဆိုပါတယ်။ ကုလသမဂ္ဂရဲ့ ခန့်မှန်းချက်အရ ၂၀၂၃ ခုနှစ် တစ်ခုတည်းမှာပဲ လူပေါင်း ၁၂၀,၀၀၀ လောက် မြန်မာနိုင်ငံက Scam လုပ်ငန်းတွေထဲကို လူကုန်ကူးခံခဲ့ရပါတယ်။

 

လာမယ့် ဒီဇင်ဘာလမှာ စစ်ကော်မရှင်က ကျင်းပဖို့ စီစဉ်နေတဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ တည်ငြိမ်တဲ့ အစိုးရလက်အောက်မှာမှ အသီးအပွင့်မြင်ရမှာဖြစ်ပြီး၊ လက်ရှိ စစ်အုပ်စုရဲ့ မတည်ငြိမ်မှုတွေကြောင့် တရုတ်နိုင်ငံအတွက်ပါ စိန်ခေါ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ သူက ထောက်ပြခဲ့ပါတယ်။

 

“ကျွန်တော့် သတင်းရင်းမြစ်တွေအရ တရုတ်က မေမေ့ကို လွှတ်ပေးဖို့ တောင်းဆိုနေပါတယ်။ တရုတ်အရာရှိတွေက တခြားသူတွေလိုပဲ သူ့ကို တွေ့ချင်ကြပြီး တွေ့ခွင့်ရဖို့ တောင်းဆိုနေကြတယ်လို့ ကျွန်တော် ယုံကြည်တယ်” လို့လည်း ကင်မ်အဲရစ်က ဆိုပါတယ်။

 

ကင်မ်အဲရစ်က မည်သူမဆို ဒေါ်အောင်ဆန်းစုကြည်ကို သွားတွေ့ကြည့်ရန် ဖိတ်ခေါ်ခဲ့ပြီး “ဒါမှ အနည်းဆုံးတော့ သူ အသက်ရှင်နေသေးတယ်ဆိုတာ တစ်ယောက်ယောက်က အတည်ပြုနိုင်မှာပါ” လို့ ပြောပါတယ်။

 

“ကျွန်တော့်အမေ အကျဉ်းထောင်ထဲမှာပဲ ဆုံးပါးသွားမလားဆိုတာကို အမြဲတမ်း စိုးရိမ်နေရပါတယ်။ အကျဉ်းထောင်ထဲက အခြေအနေတွေက ကြောက်စရာကောင်းလွန်းပါတယ်” လို့ ကင်မ်အဲရစ်က ဆိုပါတယ်။

 

စစ်ကော်မရှင် ထိန်းချုပ်မှုအောက်မှာ ဖြစ်ပေါ်နေတဲ့ တရားမဝင် ရာဇဝတ်မှုတွေ၊ အထူးသဖြင့် တရုတ်နိုင်ငံသားတွေကိုပါ လူကုန်ကူးပြီး ကျွန်အဖြစ်စေခိုင်းနေတဲ့ Scam Centre တွေဟာ တရုတ်နိုင်ငံရဲ့ တည်ငြိမ်ရေးနဲ့ သာယာဝပြောရေးကိုပါ ထိခိုက်နေတယ်လို့ ကင်မ်က ဆိုပါတယ်။ ကုလသမဂ္ဂရဲ့ ခန့်မှန်းချက်အရ ၂၀၂၃ ခုနှစ် တစ်ခုတည်းမှာပဲ လူပေါင်း ၁၂၀,၀၀၀ လောက် မြန်မာနိုင်ငံက Scam လုပ်ငန်းတွေထဲကို လူကုန်ကူးခံခဲ့ရပါတယ်။

 

လာမယ့် ဒီဇင်ဘာလမှာ စစ်ကော်မရှင်က ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲဟာလည်း NLD ပါတီအပါအဝင် ပါတီ ၄၀ ကျော်ကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ထားတာကြောင့် အတုအယောင်သာဖြစ်ပြီး နိုင်ငံကို ပိုမိုဆိုးရွားတဲ့ ပဋိပက္ခတွေထဲ တွန်းပို့လိမ့်မယ်လို့ ကင်မ်အဲရစ်က သုံးသပ်ပါတယ်။

 

 

ဓာတ်ပုံ – EPA

 

Related News

Depend on news