ရန်ကုန်က Taxi တစ်စီး ရေဖြူမှာ တောင်နံရံနဲ့တိုက်မိလို့ ၄ ဦး ဒဏ်ရာရ

ရန်ကုန်မြို့ကနေ ထားဝယ်မြို့ကို လာရောက်တဲ့ Taxi တစ်စီးဟာ ဇူလိုင်လ ၄ရက်နေ့ ညနေ ၃နာရီ ၂၅မိနစ်ခန့်မှာ တနင်္သာရီတိုင်း ကလိန်မြို့နဲ့ ရေဖြူမြို့အကြား မိုင်တိုင် ၂၄အနီး လမ်းချော်ပြီး တောင်နံရံနဲ့ တိုက်မိတာကြောင့် ခရီးသည် ၄ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဒေသတွင်း လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။
တောင်နံရံနဲ့ တိုက်မိတာကြောင့် ယာဉ်မောင်းတစ်ဦးကလွဲပြီး ယာဉ်ပေါ်လိုက်ပါတဲ့ ခရီးသည် အမျိုးသား ၁ဦး၊ ကလေးငယ် ၁ဦးနဲ့ အမျိုးသမီး ၂ဦးကတော့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူတွေထဲက အမျိုးသမီးတစ်ဦးဟာ စိုးရိမ်ရပြီး ကလေးငယ်ကတော့ ဦးခေါင်းကွဲဒဏ်ရာ ရရှိခဲ့တယ်လို့ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။
အခင်းဖြစ်နေရာကို တနင်္သာရီတိုင်း အရေးပေါ်ကယ်ဆယ်ရေးနှင့်လူနာတင်ယာဥ်အဖွဲ့ ၊ ရင်ခုန်သံ အရေးပေါ်လူနာတင်ယာဥ်အသင်း၊ မိကျောင်းအိုင်လူနာတင်ယာဥ်အသင်းနဲ့ ထားဝယ်မြို့နယ်ကြက် ခြေနီသူနာပြုတပ်ဖွဲ့တို့က သွားရောက် ကူညီခဲ့ရပါတယ်။
ဒီသတင်းဟာ CJ Platform ရဲ့ Citizen Journalists တစ်ဦးပေးပို့လာတဲ့ သတင်းဖြစ်ပါတယ်။
CJ Platform ရဲ့ CJ Report ကဏ္ဍအတွက် သတင်းပေးပို့လိုပါက CJ Platform Facebook Page Messenger ကနေဖြစ်စေ၊ Telegram မှာ @cjreport1 လို့ ရှာဖွေပြီး ပေးပို့နိုင်ပါတယ်။
ဓာတ်ပုံ – Aung Zaw Myint Fb