လောက်ကိုင်မြို့မှာ ကျဆုံးရဲဘော်တွေအတွက် အောက်မေ့ဖွယ်အခမ်းအနားပြုလုပ်
လောက်ကိုင်မြို့ ရန်လုံကျိုင်း အာဇာနည်ဗိမာန်မှာ ဧပြီလ ၂ ရက်နေ့က “၁၀၂၇ စစ်ဆင်ရေး” အတွင်း ကျဆုံးခဲ့ရတဲ့ ရဲဘော်တွေအတွက် အောက်မေ့ဖွယ် အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့တယ်လို့ The Kokang果敢资讯网 ရဲ့ သတင်းဖော်ပြမှုအရ သိရပါတယ်။
အောက်မေ့ဖွယ် အခမ်းအနားကို ကိုးကန့်တပ် MNDAA ခေါင်းဆောင် ဖုန်တာ့ရွှင် တက်ရောက်ခဲ့တာကိုလည်း သတင်းဓာတ်ပုံတွေထဲမှာ တွေ့ရပါတယ်။
တရုတ်နိုင်ငံရဲ့ ဖိအားကြောင့် လာရှိုးမြို့ကနေ ပြန်လည်ဆုတ်ခွာဖို့အတွက် ပြင်ဆင်နေရချိန်မှာ ကိုးကန့်တပ်ဟာ အခုလို အောက်မေ့ဖွယ် အခမ်းအနားကို လုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။
ဓာတ်ပုံ – The Kokang