ရေးမြို့နယ် ရဲစခန်းကို သွားရောက်တိုက်ခိုက်ပြီး အပြန်လမ်းတွင် တိုက်ပွဲထပ်ဖြစ်ရာမှ ရဲဘော်တစ်ဦး ကျဆုံး

Author ခေတ်နီ
Categories
Published on Oct 19, 2022

 

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းမှာရှိသည့် ဇီးဖြူသောင်ရဲစခန်းအား သွားရောက်တိုက်ခိုက်ခဲ့ပြီး အပြန်လမ်းမှာ စစ်ကောင်စီတပ်နှင့် တိုက်ပွဲထပ်ဖြစ်ခဲ့တာကြောင့် ရဲဘော်တစ်ဦးကျဆုံးခဲ့သည်ဟု မွန်ပြည်နယ် အခြေပြု တော်လှန်ရေးအဖွဲ့ MSROက ထုတ်ပြန် ထားသည်။

ရေးမြို့နယ်၊ ဇီးဖြူသောင်ရဲစခန်းကို MSRO အောက် တိုဘာလ ၁၇ရက်နေ့တွင် MSRPမှ တပ်ဖွဲ့ဝင်များက သွားရောက်တိုက်ခိုက်ပြီး အပြန်လမ်းတွင် ဒူးယားကျေးရွာအုပ်စု ပလိုင်ကီးကျေးရွာအရောက်မှာ စစ် ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ရာမှ MSRO အဖွဲ့မှတာဝန်ခံ ရဲဘော်တိုဘီနေစိုး (ခေါ်) သီဟနေစိုး ကျဆုံးခဲ့တာပဲဖြစ်သည်။

ကျဆုံးရဲဘော်တိုဘီနေစိုးသည် ရေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ၏ လူငယ်ရေးရာတာဝန်ခံ အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။