စစ်ကောင်စီထုတ်ကုန်တွေ မရောင်း/ဝယ်ရလို့ မန်း PDF ကန့်သတ်

Author လဂွန်းအိမ်
Categories
Published on Nov 25, 2024

ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(Mdy-PDF)ထိန်းချုပ်ထားတဲ့ မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်း လမ်းပိုင်းတွေကို မနက်ဖြန် နိုဝင်ဘာ ၂၆ ရက်နေ့ကစပြီး သွားလာမှုယာယီ ကန့်သတ်လိုက်တယ်လို့ MDY PDF က ဒီကနေ့ ညနေပိုင်းထုတ်ပြန်ချက်အရ သိရပါတယ်။

 

မန္တလေး-မြစ်ကြီးနား လမ်းပေါ်က စစ်ရေးအခြေအနေကြောင့် ဒီလိုတားမြစ်ကန့်သတ်လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် စစ်ကောင်စီထုတ်ကုန် ပစ္စည်းတွေကို တင်သွင်းခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းအပြင် အသုံးပြုခြင်းကိုပါ တင်းတင်းကြပ်ကြပ် ပိတ်ပင်လိုက်ပြီး သုံးစွဲသူတွေကိုပါ ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

 

မန္တလေး PDF အနေနဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းစတင်ခဲ့ပြီးနောက်ပိုင်း စဉ့်ကူးမြို့ကို ဇူလိုင် ၁၇ ရက်၊ သပိတ်ကျင်းမြို့ကို ဩဂုတ်လ ၂၅ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်ထားပြီး မတ္တရာမြို့နယ်ထဲက စစ်ကောင်စီ တပ်စခန်း ၃၅ ခုကိုလည်း သိမ်းယူနိုင်ခဲ့တယ်လို့ ဇူလိုင်လ ၃၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ – MDY PDF

 

ပုံစာ – စဉ့်ကူး- မန္တလေး လမ်းခွဲမှာတွေ့ရတဲ့ အောင်ပွဲရ မန်းPDF တပ်ဖွဲ့ဝင်များ

 

Related News

Depend on news