စစ်ကောင်စီသည် လမ်းသွား ပြည်သူများအား အဓိကထား ပစ်ခတ်မှုများပြုလုပ်နေသည့်အတွက် မိုးဗြဲ-ပီကင်းကားလမ်းကို အသုံးမပြုရန် ထုတ်ပြန်

Author လင်းခိုင်
Categories
Published on Oct 15, 2022

စစ်ကောင်စီသည် လမ်းသွား ပြည်သူများအား အဓိကထား ပစ်ခတ်မှုများပြုလုပ်နေသည့်အတွက် မိုးဗြဲ-ပီကင်းကားလမ်းကို အသုံးမပြုရန် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF) က အောက်တိုဘာ ၁၄ရက်တွင် ထုတ်ပြန်ထားသည်။

အောက်တိုဘာ ၁၄ရက်တွင် မိုးဗြဲမြို့တွင် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ နံနက် ၈နာရီမှ စတင်ကာ စစ်ကောင်စီက လမ်းသွားလမ်းလာ ခရီးသွားများကို ပစ်မှတ်ထားကာ ပစ်ခတ်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ထို့ပြင် နေ့လည် ၁၂နာရီတွင်လည်း ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားနှစ်ဦးကို စက်တော်ရာတွင် တပ်စွဲထားသည့် စစ်ကောင်စီမှ ပစ်ခတ်ရာ တစ်ဦးသည် ဦးခေါင်းထိမိဒဏ်ရာရရှိခဲ့ပြီး တစ်ဦးသည်လွတ်မြောက်ခဲ့ကြောင်း၊ ဒဏ်ရာရရှိသူ ပြည်သူတစ်ဦးကို မဟာမိတ်အဖွဲ့များက ပူးပေါင်းကယ်ထုတ်ရင်း စစ်ကောင်စီနှင့် ထိတွေ့ ပစ်ခတ်မှု အနည်းငယ်ရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စစ်ကောင်စီသည် ပြည်သူများကို ပစ်ခတ်မှုများပြုလုပ်နေသည့်အတွက် ပြည်သူများအနေဖြင့် မိုးဗြဲ-ပီကင်းကားလမ်းကို လုံး၀အသွားအလာမပြုလုပ်ရန် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ထားသည်။