စစ်ကောင်စီ စခန်း နှစ်ခုကို TNLA ထပ်မံသိမ်းပိုက် ၊ (၃၈) ဦးသေ (၂၁)ဦး ဖမ်းမိ

Author လဂွန်းအိမ်
Categories
Published on Jul 24, 2024

ကျောက်မဲမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ နမ့်ဆီလင်းဘုန်းကြီးကျောင်းနဲ့ အေးရှားဝေါတိုးဂိတ်တွေက စစ်စခန်းတွေကို ထပ်မံ သိမ်းပိုက်နိုင်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က မနေ့ ဇူလိုင် ၂၃ရက်နေ့မှာ သတင်းထုတ်ပြန်လာပါတယ်။

 

အဲဒီစခန်းနှစ်ခုကို တအာင်းတပ်မနော်နဲ့ ကျောက်မဲခရိုင် PDF တို့က နှစ်ရက်အတွင်း ပူးပေါင်းတိုက်စစ်ဆင်ပြီး သိမ်းပိုက်နိုင်ခဲ့တာပါ။

စခန်းသိမ်းတိုက်ပွဲအပြီး MA 1 (၂၆လက်)၊ MA 3 (၁၆လက်)၊ MA 4 (၄ လက်)၊ MA 11 (၁၂လက်)၊ MA 2 (၁၀ လက်) နဲ့ ငကျည်းမှီး (၁ လက်) စုစုပေါင်း လက်နက်ငယ် (၆၉လက်) အပြင် ၄၀ မမ (၂ လက်)၊ ၁၂၀ မမ (၁ လက်) တို့သိမ်းပိုက်ရရှိခဲ့တယ်လို့သိရပါတယ်။

 

ဒါ့အပြင် စစ်သုံပန်း (၂၁)ဦး နဲ့ စစ်ကောင်စီတပ်သားအလောင်း (၃၈)လောင်းကိုလည်း သိမ်းဆည်းရမိတယ်လို့လည်း သိရပါတယ်။

 

မိုးကုတ်မြို့နယ်ဘက်မှာလည်း ရတနာကြေးမုံကျောင်းနဲ့ ကုလားကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တအာင်းတပ်မတော် TNLA နဲ့ PDF (ပကဖ) တို့ ပူးပေါင်းကာ ထိုးစစ်ဆင် တိုက်ခိုက်ပြီး တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မိုးကုတ်မြို့ အရှေ့ပိုင်းရှိ ရဲစခန်းကိုလည်း PDF(မိုးကုတ်ဗျူဟာ) နဲ့အတူတိုက်ခိုက်နေပြီး မနေ့ ဇူလိုင် ၂၃ ရက်နေ့ ချမ်းသာကြီးရွာတိုက်ပွဲအတွင်း စစ်သုံပန်း (၁၉) ဦးအပါအဝင် လက်နက် (၁) လက် သိမ်းဆည်းရမိတယ်လို့သိရပြီး မစိုးရိမ်ကျောင်းတိုက်တွင်လည်း စစ်ကောင်စီ အလောင်း (၁၆) နဲ့ လက်နက် (၁၆)လက် အပြင် RPG တစ်လက်၊ ၆၀ မမ တစ်လက်တို့ကို သိမ်းပိုက်ရရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ – TNLA

 

Related News

Depend on news