နေ့တိုင်းက ငါတို့ရဲ့ အာဇာနည်နေ့ပဲ(မန်း PDF)

Author ကိုထားဝယ်
Categories
Published on Jul 19, 2024

ယခုနှစ်ကျရောက်တဲ့ ၇၇ နှစ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ပြည့်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ခေတ်အဆက်ဆက်ကျဆုံးခဲ့ရတဲ့ အာဇာနည်တွေကို ဦးညွှတ်အလေးပြုကြောင်း ထုတ်ပြန်ပါတယ်။

 

လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့သူ အာဇာနည်ခေါင်းဆောင်ကိုးဦးကို လူထုက နှစ်စဉ်တသသနဲ့ ဂုဏ်ပြုပွဲတွေ လုပ်ပေးနေကြပေမဲ့ တကယ်တမ်း မိမိတို့တိုင်းပြည်မှာ အာဇာနည်ကိုးဦးမကရှိခဲ့တယ်လို့ မန်း PDF က ဒီမိုကရေစီအတွက်တိုက်ပွဲဝင်ခဲ့သူအားလုံးကို ညွှန်းဆိုထားပါတယ်။

 

“နေ့ရက်တိုင်းဟာလည်း ငါတို့ရဲ့ အာဇာနည်နေ့ပါပဲ” လို့ မန္တလေးတိုင်းထဲ မတ္တရာနဲ့ စဉ့်ကူးမြို့သိမ်းတိုက်ပွဲတွေဆင်နွှဲနေသူတွေက ကြွေးကြော်လိုက်ပါတယ်။

 

ခေတ်အဆက်ဆက်ပြည်သူတွေဟာ တာဝန်ကျေခဲ့သလို လူငယ်တွေဟာလည်း အာဇာနည်ဆိုတဲ့ဘွဲ့ကို ရဲဝံ့စွာခံယူကြတဲ့အတွက် သူတို့ဟာ ငါတို့ဦးညွှတ်ထိုက်တဲ့ ပုဂ္ဂိုလ်တွေဖြစ်တယ်လို့ Mdy-PDF က ပြောပါတယ်။

 

အဲဒီနောက် နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားတဲ့ လူငယ်တွေရဲ့ ပုံရိပ်တွေအပါအဝင် မန်း PDF ကလို့ ယူဆရတဲ့ ကျဆုံးတော်လှန်ရေးရဲဘော် ၁၂၇ ဦးခန့်ရဲ့ ပုံရိပ်တွေကိုလည်း အမှတ်တရထည့်သွင်းဖော်ပြထားတာကို တွေ့ရပါတယ်။

 

ခေတ်အဆက်ဆက် အသက်ပေးလှူခဲ့တဲ့ အာဇာနည်အပေါင်းအား ဦးညွှတ်အလေးပြုလျက်ပါလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ပြောပါတယ်။

 

 

ရုပ်သံ – ပြည့်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)