ကန့်ဘလူမြို့နယ်မှ စစ်ဘေးရှောင်ရင်း ရန်ကုန်တွင် အလုပ်လုပ်နေသအမျိုးသမီးတစ်ဦး ကားတိုက်ခံရ၍ သေဆုံး

Author အောင်နိူင်သူ
Categories
Published on Oct 07, 2022

ကန့်ဘလူမြို့နယ်မှ စစ်ဘေးရှောင်ရင်း ရန်ကုန်တွင် အလုပ်လုပ်နေသူအမျိုးသမီးတစ်ဦး ယနေ့ နံနက်ပိုင်းက ရွှေပြည်သာမြို့နယ် အမှတ်(၄) လမ်းမကြီးပေါ်တွင် ၁၂ ဘီးကားတိုက်မိ၍ သေဆုံးသွားသည်ဟု မြို့ခံတွေဆီက သိရသည်။

“သူက အလုပ်ကညဆိုင်းဆင်းပြီး ပြန်လာတဲ့ အချိန်ဖြစ်တာ ၁၂ ဘီးကားက တိုက်ပြီးတော့ ယာဉ်မောင်းက ကားတံခါးလော့ချပြီး ထွက်ပြေးသွားတယ် ကောင်မလေးက ပွဲချင်းပြီးသေတယ်”ရှင်းပြသည်။

အဆိုပါ အမျိုးသမီး၏ ရုပ်အလောင်းကို အင်းစိန်ဆေးရုံသို့ပို့ဆောင်ပြီး မှတ်ပုံတင်အမှတ် PR-28 ဖြင့်အပ်နှံ ပေးခဲ့သည်ဟု လူမှုဘဝစောင့်ရှောက်ရေး ပရဟိတအသင်းမှတာဝန်ရှိသူတစ်ဦးက ပြောသည်။

သေဆုံးသူမှာ အသက် ၂၃ နှစ်အရွယ်ရှိ မဇင်မာခိုင် ဖြစ်ပြီး ကန့်ဘလူမြို့နယ်မှ ရန်ကုန်တွင် အလုပ်လုပ်နေသူဖြစ်ကာ ရွှေပြည်သာမြို့နယ် ဘုံရှည်ကုန်းရပ်ကွက်ရှိ အဆောင်တစ်ခုတွင် နေထိုင်ပြီး စက်ရုံဆင်းနေသူတစ်ဦးဖြစ်သည်ဟု သူကရှင်းပြသည်။

လက်ရှိအခြေအနေတွင် ယာဥ်ထိန်းရဲတပ်ဖွဲ့မှ ထွက်ပြေးသွားသည့် ၁၂ ဘီးကားမောင်းသမားကို လိုက်လံရှာဖွေနေသည်ဟု မြို့ခံတွေဆီက သိရသည်။
Photo/လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်း (ရွှေပြည်သာ)