ရေးမြို့ရှိ စစ်ကောင်စီ အမြှောက်တပ် ၄၀မမဖြင့် အပစ်ခံရ

Author ခေတ်နီ
Categories
Published on Oct 07, 2022

မွန်ပြည်နယ် ရေးမြို့နယ်အခြေစိုက် အမြှောက်တပ်တစ်ခုကို ၄၀မမ ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်နယ် အခြေပြုတော်လှန်ရေးအဖွဲ့အစည်း MSROက ယမန်နေ့ညပိုင်းတွင် ထုတ်ပြန်ထားသည်။

ရေးမြို့နယ် ကိုးမိုင်ကျေးရွာအနီးရှိ စစ်ကောင်စီ၏ အမှတ် ၁၉စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်လက်အောက်ခံ ၃၁၆အမြှောက်တပ်၏ လုံခြုံရေးကင်းတဲကို ယမန်နေ့ မနက်ပိုင်းမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာပဲ ဖြစ်သည်။

အဆိုပါတိုက်ခိုက်မှုကြောင့် ထိခိုက်မှုအသေးစိတ်ကိုတော့ ထုတ်ပြန်ထားခြင်းမရှိပဲ ပြည်သူများအနေဖြင့်လည်း ပစ်ခတ်သံများကြားပါက ထိုနေရာအနီးတဝိုက်ကိုရှော င်ရှားသွားလာပြီး လုံခြုံသောနေရာတွင်နေထိုင်ရန်ကိုလည်း MSROက မေတ္တာရပ်ခံထားသည်။