နေပြည်တော် ရေပန်းဥယျာဉ်၌ မိုးအောင်ရင် DJပွတ်ပြီး ညစျေးရောင်းမှာကို မြို့ခံအချို့ မကြိုက်

Author အောင်နိူင်သူ
Categories
Published on Oct 06, 2022

နေပြည်တော်ကောင်စီနယ်မြေတွင် လာမည့်သီတင်းကျွတ်ပွဲတော် ကာလအတွင်း အပန်းဖြေအနားယူနိုင်ရန် DJ SAIအပါအဝင် DJ ပညာရှင်များနှင့် ညဈေးရောင်းပွဲတော်နှင့် ဖျော်ဖြေပွဲများ ကျင်းပ သွားမည်ကို မြို့ခံတွေက ကန့်ကွက်ကြသည်ဟု ဝန်ထမ်းအချို့ဆီက သိရသည်။

နေပြည်တော် ရေပန်းဥယျာဉ် ညဈေးရောင်းပွဲတော်ကို စစ်ကောင်စီက အောက်တိုဘာ ၈ ရက်နေ့တွင် ကျင်းပမည်စီစဥ်ခဲ့ရာ DJ ထည့်သွင်းရာတွင် သရုပ်ဆောင်မိုးအောင်ရင်ကို ငှါးမည့်အစီအစဥ်ကို ကန့်ကွက်သူအချို့ရှိသည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“ဘာမှတီးတက်တာမဟုတ်ဘဲ ပိုက်ဆံအကုန်ကျမခံချင်ဘူး ဒါတောင် DJ SAI က ငှားချင်တိုင်း ငှါးလို့မရဘူးလို့ ပြောလို့ မဌားနဲ့လို့ပြောလိုက်တယ် အခြားအဖွဲ့ကို လက်ခံတယ် သူတို့ဌာနထဲမှာကိုက ဘယ်သူ့ငှါးရမယ်မသိဖြစ်နေပြီ”ဟု ပြောသည်။

ရေပန်းဥယျာဉ် ညဈေးရောင်းပွဲတော်တွင် ဆိုင်ခန်းပေါင်း ၅၀ ကျော်ဖြင့် ဖွင့်လှစ်ရောင်းပေးသွားမှာဖြစ်ပြီး ည ၉ နာရီအထိ ဖွင့်လှစ်ပေးသွားမည်ဟု ဝန်ထမ်းတစ်ဦးက ပြောသည်။

“အစီအစဥ်တွေကိုကြိုက်တယ် DJ တွေကို မိုးအောင်ရင်တို့ လမင်းကဗျာတို့ဆိုလို့ မသွားတော့ဘူး ဘာမှမတက်ဘဲနဲ့
လုပ်နေကြတာ နားငြီးခံပြီးမသွားတော့ဘူး”ဟု ဝန်ထမ်းမိသားစုဝင်တစ်ဦးက ရှင်းပြသည်။

နေပြည်တော် ရေပန်းဥယျာဉ် ညဈေးရောင်းပွဲတော်ကို အောက်တိုဘာ ၈ ရက်မှ ၁၀ ရက်အထိ နိုင်ငံကျော် DJ ပညာရှင် DJ SAI မှ DJ ၊ Band အဖွဲ့များနှင့်အတူ ညနေ ၆ နာရီမှ စတင်၍ ည ၉ နာရီအထိ သီဆိုဖျော်ဖြေသွားမှာဖြစ်သည်ဟု အမည်မဖော်လိုသူဝန်ထမ်းတစ်ဦးက ပြောသည်။

လက်ရှိအခြေအနေတွင် နေပြည်တော် ရေပန်းဥယျာဉ် ညဈေးရောင်းပွဲတော်၌ DJ SAI (ခ)မိုးအောင်ရင်နှင့် DJ Moon(ခ) လမင်းကဗျာ တို့အဖွဲ့ ခေါ်ယူသည့်ကိစွနှင့်ပါတ်သတ်၍ နေပြည်တော်စည်ပင်မှ ဆုံးဖြတ်ရခက်နေသည်ဟု ဌာနဆိုင်ရာ ဝန်ထမ်းတွေဆီက သိရသည်။

နေပြည်တော်ရေပန်းဥယျာဉ် ဝင်ကြေးမှာ လူတစ်ဦးလျှင် သုံးထောင်ကျပ်ကျသင့်မှာဖြစ်ပြီး ငါးနှစ်အောက်ကလေးများ အခမဲ့ဝင်ခွင့်ပြုမှာဖြစ်သည်။