S.O.F နဲ့ မဟာမိတ်တွေ ပေးတဲ့ ပထမဆုံး စနိုက်ပါသင်တန်း ဆင်းပြီ (သတင်းတို)

Author အညာသား
Categories
Published on Jul 01, 2024

တောင်ပိုင်းတိုင်းစစ်ဒေသ အထူးစစ်ဆင်ရေးတပ်ဖွဲ့(S.O.F)က Monywa Revolution Force-MRF နဲ့ မဟာမိတ်အင်အားစုတော်လှန်ရေးတပ်ဖွဲ့များကပြုလုပ်တဲ့ ပထမဆုံးအခြေခံစနိုက်ပါ သင်တန်းဆင်းပြီဖြစ်ကြောင်း MRF က ဇွန် ၂၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

အဆိုပါတစ်လကြာသင်တန်းမှာ စနိုက်ပါပစ်ခတ်နည်းသာမက ကိုယ်ခန္ဓာ ကြံ့ခိုင်ရေး၊ စိတ်ဓာတ်ကြံ့ခိုင်ရေးနဲ့ စနိုက်ပါ ရဲဘော်တစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အရည်ချင်းတွေကိုစနစ်တကျ သင်ကြားလေ့ကျင့်ပေးခဲ့တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ-MRF