မော်ကျွန်းတွင် ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးရှင်းလင်းခံရ

Author ခေတ်နီ
Categories
Published on Oct 05, 2022

ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့နယ်တွင် ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဧရာဝတီလင်းပိုင်PDFအဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

မော်လမြိုင်ကျွန်းမြို့ အုပ်ချုပ်ရေးဒေါက်တိုင် ပြည်သူ့စစ်ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးခင်မောင်ကြည်ကို ဧရာဝတီလင်းပိုင် ၊ဘိုကလေး PDF၊ မော်ကျွန်းပကဖအဖွဲ့တို့မှ ယနေ့ ညနေ ၄ နာရီခွဲချိန်မှာ ပူးပေါင်း ပစ်ခတ်ရှင်းလင်းခဲ့တာပဲ ဖြစ်သည်။

အဆိုပါ ရှင်းလင်းမှုဟာ ဧရာဝတီစစ်ဒေသခွဲ၏ နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် လုပ်ဆောင်တာဖြစ်ပြီး စစ်ကောင်စီ၏ထောက်တိုင်ဖြစ်သည့် ဒလန်များ ၊စစ်အုပ်ချုပ်ရေးများ ၊စီးပွားရေး ထောက်တိုင်များကို ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်တယ်လို့လဲ အဆိုပါအဖွဲ့ကသတိပေးထုတ်ပြန်ထားပါသေးသည်။