ကြံ့ဖွံ့ပါတီဝင်များ ကိုယ့်သေတွင်းကိုယ်တူးသလိုဖြစ်နေ၍ အလံများပြန်ဖြုတ်ပြီး ပေါ့ဆစွာမနေရန် ဗိုလ်ချုပ်(ငြိမ်း) မြင့်လှိုင်ပြော

Author အောင်နိူင်သူ
Categories
Published on Oct 03, 2022

ကြံ့ဖွံ့ပါတီဝင်များ အချိန်မရွေးအသက်အန္တာရယ်ရှိ၍ နေအိမ်များတွင် စိုက်ထူထားသော အလံများပြန်ဖြုတ်ပြီး ပေါ့ဆစွာမနေရန် ပြီးခဲ့သည့်ရက်ပိုင်းက နေပြည်တော်ကြံ့ဖွံ့ပါတီရုံးမှာ ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ဗိုလ်ချုပ်(ငြိမ်း)မြင့်လှိုင်က ပြောသည်။

စစ်တပ်က အရေးပေါ်ကာလ​ကြေညာထားသည့်အချိန် ကြံ့ဖွံ့ပါတီဝင်များအနေဖြင့် ပေါ့ဆစွာမနေဘဲ လုံခြုံရေးကို အထူဂရုစိုက်ကြရန် ပြည်ထောင်စုနယ်မြေ ကြံ့ဖွံ့ပါတီဥက္ကဋ္ဌ ဦးမြင့်လှိုင်က ပြောကြားခြင်းသည်။

“စည်းရုံးရေးမှူးတွေ နေအိမ်ရှေ့အလံစိုက်ထူခိုင်းတာဟာကိုယ့် သင်္ချိုင်းကိုယ်လုပ်သလိုဖြစ်နေတယ် အဲ့ဒါတွေပြန်ဖြုတ်ပါ လုံခြုံရေးသတိရှိကြပါ ကိုယ်ရှေ့မှာ အသတ်ခံရတဲ့ပါတီဝင်တွေလည်း မှတ်ထားတာစာအုပ်တစ်အုပ်ဖြစ်နေပြီ သူများသတ်ချင်အောင် မနေကြပါနဲ့”ဟု ပြောသည်။

ပြီးခဲ့သည့်လကုန်ပိုင်းက နေပြည်တော်တွင် ကြံ့ဖွံ့ဥက္ကဌအပြောင်းအလဲတွင် ကြံ့ဖွံ့စည်းမှူးများ၏ နေအိမ်ရှေ့မှာအလံထောင်ခိုင်းခြင်းကြောင့် ဆယ်ဦးထက်မနည် းသေနတ်ဖြင့်ပစ်ခတ်ခံရပြီးနောက် ယခုပြန်လည်အသိပေးခြင်းဖြစ်သည်။

“ကျနော်က အစောကြီးကတည်းကသိလို့ အလံလဲ မထောင်ဘူး ကျနော့်အသိတစ်ယောက်ဆို အိမ်ရှေမှာအလံစိုက်တာ PDF က သေနတ်နဲ့ပစ်လို့ သေတော့မသေဘူး ထွက်ပြေးတာမြန်လို့ ဖင်ကိုထိပြီးခြေထောက်ထော့နဲ့ ထော့နဲ့ဖြစ်နေတယ် အခုဘုန်းကြီးဝတ်သွားပြီ” ဟု ကြံ့ဖွံ့ပါတီဝင်တစ်ဦးက CJ Platform ကို ပြောသည်။

ကြံ့ဖွံ့အစည်းအဝေးတွင် ဗိုလ်ချုပ်(ငြိမ်း)မြင့်လှိုင်က “တပ်က အစွမ်းကုန်ကြိုးစားနေတယ် PDF ဘက်ကလည်းလုံခြုံရေးတွေရှိနေရင်းနဲ့ပစ်နေတယ် နေပြည်တော်မှာနေတယ်ဆိုပြီး မပေါ့ဆကြပါနဲ့ အရှေ့က သာဓကတွေကြည့်ပါ ဘယ်လိုသေသွားကြလဲဆိုတာ”ဟု ပြောသည်။

ဗိုလ်မှူးချုပ်အုန်းသွင် ပစ်ခတ်ခံရပြီးနောက်စက်တင်ဘာလ (၃၀) ရက်ကနေပြည်တော်ရှိ.ကြံဖွံ့ပါတီရုံးမှာ ပြည်နယ်နှင့်တိုင်းဒေသကြီးက အလုပ်အမှု့ဆောင်များနှင့် တွေ့ဆုံပြီးပြောဆိုခဲ့ခြင်းဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ကြံ့ဖွံ့ပါတီမှ လွှတ်တော်ကိုယ်စားလှယ်ဟောင်းများအပါအဝင် ပါတီဝင် နှစ်ထောင်နီးပါးသတ်ဖြတ်ခံထားရသည်ဟု ပြီးခဲ့သည့်လက ကြံ့ဖွံပါတီမှ ထုတ်ပြန်ထားသည်။